ထူးထူးခြားခြား ရှေးခေတ်ဟောင်ကောင်စတိုင်ကိုမှ Sci-fi ဆန်ဆန် ဆန်းသစ်ပြီး ပဟေဠိအပြည့်နဲ့လျှို့ဝှက်ဆန်းကြယ်နိုင်လှတဲ့ Romance စီးရီးတစ်ခုကောင်းတစ်ခုဗျာ။ အပိုင်းတိုင်းမှာတစ်ပိုင်းပြီးတာနဲ့ ဟာဆိုပြီး နောက်ထပ်သိချင်ရလောက်အောင် စွဲဆောင်မှု ရှိနေလို့အမှီလိုက်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းလေးက ရှေးခေတ်ဟောင်ကောင်စတိုင်နံရံပိတ်ရပ်ကွက် Kowloon ဆိုတာရှိတယ်။ ကောင်းကင်ယံမှာလည်း ဘာမှန်းသေချာမသိရတဲ့Generic Terra ဆိုတဲ့ ဒြပ်ထုထည်ကြီးတစ်ခုက ရှိသေး။ ဇာတ်လမ်းက ဒီ Kowloon ဆိုတဲ့နေရာမှာကောင်မလေးတစ်ယောက် အိမ်ခြံမြေပွဲစားလို ကုမ္ပဏီမှာလုပ်တယ် အထက်စီနီယာဘဲကြီးကိုကြိတ်ကြိုက်နေတယ်။ ဒါပေမဲ့ တစ်ရက်ကျ စီနီယာဘဲကြီးက ကောင်မလေးကို အိပ်ချင်မူးတူးနဲ့အစအနောက်လွန်သွားရာကနေ ကောင်မလေးက အဖြေရှာရင်း ကောက်ရိုးပုံထဲကအပ်ပျောက်ရှာသလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတယ်။တကယ်ကို တစ်ပိုင်းပြီးတစ်ပိုင်းသာ ကြည့်နေတယ် ခုထက်ထိ မြုပ်ကွက်တွေအများကြီးနဲ့ဘာဖြစ်နေလဲဟဆိုပြီး အဖြေထုတ်နေရတုန်း..။ ဒီတော့ အညွန်းကို ဒီလောက်နဲ့ရေးသားပြီးကျန်တာ မိတ်ဆွေတို့ကိုယ်တိုင် အဖြေလာရှာဖို့ ဖိတ်ခေါ်လိုက်ပါရစေဗျာ….
2025-04-05
“သာမန်ဖြစ်အောင် ဘယ်လိုနေကြမလဲ” ဆိုတဲ့အတိုင်းပဲ Kobato ဆိုတဲ့ကောင်လေးနဲ့ Osanai ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းကို ရောက်လာတဲ့အချိန် သာမန်လူအဖြစ်သာ နေချင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ Kobato ဆိုတဲ့ကောင်လေးဟာ စုံထောက်ရှားလော့ဟုမ်းတို့လိုပဲကောက်ချက်ချတာ စုံထောက်လုပ်တာ သဲလွန်စရှာတာတွေကို အရမ်းကျွမ်းကျင်ပြီး သူ့အလိုလို သူများပြဿနာတွေထဲဆိုလည်း ဝင်ဝင်ပါမိတတ်လွန်းသူပါ။ဒါကြောင့် သူငယ်ချင်းဖြစ်သူ Osanai နဲ့ အထက်တန်းရောက်ရင်တော့သာမန်လူလိုပဲ အေးအေးဆေးဆေးနေမယ်ဆိုပြီး ကတိလုပ်ထားပေမဲ့လည်းဝါသနာအလျောက် ထုံးစံအတိုင်း သူများတွေရဲ့ ပြဿနာတွေကို ဝင်ပါဖြေရှင်းရာကနေတဖြည်းဖြည်း သူတို့အတွက်ပါ ငြိမ်းချမ်းသာယာတဲ့ဘဝလေးကနေ အန္တရာယ်ဖြစ်စေနိုင်တဲ့ထိကိစ္စတွေ ကြုံဆုံလာကြတဲ့အချိန်မှာတော့ နှစ်ဦးသား သူတို့ရဲ့ ထူးချွန်တဲ့ဉာဏ်အစွမ်းနဲ့ဘယ်လိုတွေ ဖြေရှင်းကျော်လွှားသွားကြမလဲဆိုတာ ကြည့်ရမယ့်Mystery အမျိုးအစား Anime စီးရီးလေး ဖြစ်ပါတယ်။ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ အရှေ့မှာ တင်ဆက်ခဲ့ဖူးပြီးသားMystery စီးရီးတစ်ခုဖြစ်တဲ့ Undead Girl Murder Farce ကိုထုတ်လွှတ်ပေးခဲ့တဲ့ Lapin Track ပဲ ဖြစ်ပါတယ်။သိတဲ့အတိုင်း စုံထောက်ဆန်ဆန် Mystery အမျိုးအစားဖြစ်လို့ဇာတ်လမ်းက ဝုန်းဒိုင်းကျဲ တင်ဆက်မထားပဲအေးဆေးလေးပဲ ဇိမ်ခံ စီးမျောလို့ကောင်းမယ့် အမျိုးအစား ဖြစ်ပါတယ်။
2024-07-07
Romantic Comedy ဆိုတော့ ဟာသတွေရယ် တခြား Anime တွေကို ပြောင်တာတွေရယ်ပါတဲ့အပြင်အချစ်ရေးလေးလည်း ပါတော့ ပိုပြီး ပြည့်စုံစေတာပေါ့။ အချစ်ရေးဆိုလို့လည်း မင်းသမီးလေးကတစ်ဖက်သတ် မင်းသားကို ဇွတ်ကြူးတာရယ် အကြူးတစ်လိုင်းနဲ့ အခွီလေးပေါ့ဗျာ။တခြား Anime တွေကိုလည်း လိုက်လိုက် မျက်ခွက်ပြောင်ထားတာများသိသလောက်ဆို ခုထိ Demon Slayer ရော Hunter X Hunter ရော ခဏခဏ ပါတယ်။ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ဆက်ပြောရမယ်ဆို မင်းသားလေးကဘီလူးမျိုးဆက် မင်းသမီးလေးက စုန်းမ၊ သူတို့နှစ်ယောက်ကကလေးဘဝကတည်းက ငယ်သူငယ်ချင်း။ ဒါပေမဲ့ တစ်ရက်ကျစုန်းမဖြစ်ဖို့ လေ့ကျင့်ခန်းဆင်းရမယ်ဆိုပြီး နှစ်ယောက်သားနှစ်နည်းနည်းကြာအောင် ဝေးသွားကြတာပေါ့။ဒီလိုနဲ့ အထက်တန်းကျောင်းသူကျောင်းသားအရွယ်ကျမှနှစ်ယောက်သား ပြန်ဆုံဖို့ ဖြစ်လာတယ်။ ပြန်ဆုံချင်တော့လည်းဘယ်လိုလဲဆိုတော့ မင်းသားက မင်းသမီးရဲ့ အစောင့်အရှောက်ဝိဉာဉ်အဖြစ်နဲ့နှစ်ယောက်သား တစ်အိမ်တည်းအတူတူနေဖို့ ကံပါလာရော။ဒါပေမဲ့ သူနဲ့အတူတူ ကောင်းခြင်းဆိုးခြင်း ဒွန်တွဲပြီးကပ်ပါလာတာကတစ်နေ့မှာ ဒီကောင်မလေးအပေါ် ကံဆိုးမိုးမှောင်ကျစေမယ့်ကပ်ဘေးဒုက္ခတစ်ခု ဖြစ်မယ်ဆိုတဲ့ ဟောကိန်းတစ်ခုပဲ။ဒီဟောကိန်းအရ ဒီကပ်ဘေးဆိုက်မှာ ဘယ်နေ့ဘယ်ရက်အတိအကျဖြစ်မလဲ မသိရတော့ နှစ်ယောက်သား တစ်အိမ်တည်းအတူတူနေရင်းဘယ်လိုပေါက်ကရမျိုးစုံ ကြိုးခုန်ရင်း ဘာတွေဖြတ်သန်းရမလဲဆိုတာအပတ်စဉ် စောင့်ကြည့်သွားရမှာဖြစ်ပါတယ်…
2025-04-06
ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။
2025-05-04
ဒီ Anime လေးကို Satoru Nii ရဲ့ Manga ဖြစ်တဲ့Wind Breaker ကိုပဲ တိုက်ရိုက် Adaptation လုပ်ထားတာပါ။ထုတ်လုပ်ထားတဲ့ Clover Work စတူဒီယိုကတော့Spy X Family ကို ထုတ်လုပ်ပေးထားတဲ့ စတူဒီယိုကောင်းတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အောက်တန်းအကျဆုံးလူတိုင်းကအမုန်းဆုံး သောက်ဖက်မလုပ်ခံရဆုံးလူတွေဝိုင်းကျဉ်တာခံရဆုံးဆိုတဲ့ သာမန်လူနဲ့ မတူပဲဆံပင်က တစ်ဝက်တစ်ရောင်စီ မျက်လုံးကတစ်ဖက်တစ်ရောင်စီ ဖြစ်နေတဲ့ Sakura ဆိုတဲ့ လူပေလူတေလေးတစ်ယောက် Furin ဆိုတဲ့မြို့က Furin အထက်တန်းကျောင်းကလူဆိုးလူမိုက်များလွန်းလို့ နာမည်ကြီးနေတယ်ဆိုပြီးကျောင်းတက်ဖို့ Furin မြို့ ရောက်လာပါတယ်။ သူ့စိတ်ထဲမှာလည်း အားနည်းတဲ့လူဆို အထင်မကြီးသန်မာတဲ့ကောင်တွေကိုလိုက်ရှာပြီး ချမယ်သူ့ကိုနိုင်ရင် သူ့ထက်သာတယ် ဒီလိုနဲ့ထိပ်ဆုံးကိုတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ငဖိုက်လုပ်ဖို့ ရောက်လာတာ။ ရောက်ရောက်ချင်းမှာတင် ကော်ဖီဆိုင်ကကောင်မလေးတစ်ယောက်ကို လူမိုက်တွေအနိုင်ကျင့်ရာကနေ ဝင်ကူမိရာက ဒီ Furin မြို့နဲ့ Furinအထက်တန်းကျောင်းလူမိုက်တွေဆိုတာသူထင်ထားသလိုတွေ ဖြစ်မနေပဲ အကုန်လုံးကတလွဲဖြစ်နေတဲ့အခါမှာတော့…..
2024-04-05
အရမ်းကိုအင်အားကြီးခဲ့တဲ့ဘုရင်ကြီးဟာ သေဆုံးသွားပြီး တခြားကမ္ဘာက သာမန်မိသားစုလေးမှာမွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီကမ္ဘာဟာ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဖြစ်တာမလို့ ဇာတ်လိုက်မင်းသားအတွက် မွေးကတည်းက အထူးအဆန်းဖြစ်လို့နေခဲ့တာပါ။ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဆိုပေမဲ့ အဆိုပါကမ္ဘာက လူတွေဟာ မှော်ပညာကို လူပျို၊ အပျိုဖော်ဝင်ခါအချိန်မှပဲ စတင်သုံးနိုင်ကြပါတယ်။မင်းသားကရော ဘယ်အရွယ်မှာစပြီးမှော်ပညာကိုသုံးနိုင်မလဲ?သုံးရောသုံးနိုင်ပါ့မလား?အရင်ဘုရင်ဘဝမှာရော ဘယ်လိုအကြောင်းကိစ္စနဲ့ဆုံတွေ့မိခဲ့ပြီး သေဆုံးခဲ့ရတာလဲ?အရမ်းကိုလူကြိုက်များတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေကရော ဘာဖြစ်မလဲဆိုတာတွေကို ဗုဒ္ဓဟူးညတိုင်း အပိုင်းသစ်ထွက်မှာကို စောင့်ပြီး ကြည့်ရှုခံစားလိုက်ပါစို့။
2025-04-02
ခုလက်ရှိထုတ်လွှင့်နေတဲ့အထဲ တော်တော်ကို Dark & Grim ဖြစ်ပြီး ဟာသဆိုလည်း မပါသလောက်ကို နည်းတယ်နောက်ပြီး ဒိုင်ယာလော့ခ် ဇာတ်ညွန်းတွေမိုက်တယ် ရုပ်ထွက်လည်း ဖိုင်းတယ်ဓားသိုင်း ပါဝါ အက်ရှင်တွေပါတယ် ဝမ်းနည်းကြေကွဲစရာ Deep ဖြစ်တဲ့ဇာတ်ဝင်ခန်းတွေနဲ့ရော ရှယ်ပါပဲ။ပထမဆုံးအပိုင်းမှာတင် ၁ နာရီလောက်ကြာမြင့်တဲ့ Epic ဆန်ဆန် အစပျိုး ဇာတ်လမ်းတည်ထားတယ်။ဇာတ်လမ်းအကျဉ်း ပြောပြရမယ်ဆို မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ဆိုတဲ့ကလေးမလေးရယ်အစ်ကိုဖြစ်သူ Jinta ရယ် အိမ်ကနေထွက်ပြေးလာတော့ လမ်းမှာ လူကြီးတစ်ယောက်က ကယ်တင်ပေးခဲ့တယ်။သူနေတဲ့ Kadono ရွာကို ခေါ်သွားပြီး မိသားစုအဖြစ် ပျိုးထောင်ပေးခဲ့တာပေါ့။သူ့မှာလည်း Shirayuki ဆိုတဲ့ သမီးအရင်းလေးတစ်ယောက်ရှိသေးတယ်။ဒီလိုနဲ့ ကြီးပြင်းလာတော့ကျ သမီးဖြစ်တဲ့ Shirayuki ကတောင်ပေါ်နတ်ကွန်းမှာ နတ်ဆရာမ Miko အဖြစ်နေရတယ်။ Jinta ကကျ သူ့ကိုကာကွယ်စောင့်ရှောက်ပေးရတဲ့ ကင်းစောင့်သမားလေး။မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ကျ အသက်အရွယ်ကြီးမလာပဲ ဒီပုံစံလေးအတိုင်းပဲပေါ့။အဲဒီမှာ အားလုံး အေးအေးချမ်းချမ်း ရှိနေကြတဲ့အချိန် မကောင်းဆိုးဝါး မိစ္ဆာနှစ်ကောင်ရောက်ရှိလာပြီးငြိမ်သက်သာယာနေတဲ့ဘဝလေးကို ဝင်ရောက်ဖျက်ဆီးလိုက်တဲ့အချိန်ကစပြီးJinta တစ်ယောက် ရွာမှာအထွတ်အမြတ်ထားတဲ့ Yarai ဆိုတဲ့ မကောင်းဆိုးဝါးနှိမ်နှင်းရေးဓားနဲ့နှစ်ပေါင်း ၁၇၀ ကျော် စွန့်စားခန်းရှည် ထွက်ဖို့ ဖြစ်လာခဲ့တော့တယ်…။အခုထက်ထိ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် အချိတ်အဆက်ကောင်းကောင်းနဲ့ ရင်ထဲရောက်အောင်လုပ်ပေးနေတဲ့ စီးရီးကောင်းလေးဖြစ်လို့ ပရိသတ်တွေကိုလည်းအလားတူ ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။
2025-03-31
ကမ္ဘာ့လေထုထဲကို ဝဲပျံနေတဲ့ဧရာမခံတပ်ကြီးတစ်ခုဝင်ရောက်လာတဲ့ အချိန်ကာလနဲ့ စတင်ထားပါတယ်။ ၎င်းနဲ့အတူ ပါလာတဲ့မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် နတ်ဘုရားနဂါးရိန်းဂျားတွေ ဖြစ်တဲ့ Dragon Keepers တွေနဲ့ ရင်ဆိုင်အတွေ့မှာတော့ သူတို့ရဲ့ဘော့စ်တွေပါ လက်စတုံးခဲ့ပြီး ခေါင်းပြတ်သွားတဲ့ မြွေလို ဦးတည်ရာမဲ့နေခဲ့ပါတော့တယ်။အဲဒီအချိန်ကတည်းက ၁၃ နှစ်ကြာတဲ့အထိ မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာကြီးကို ကျူးကျော်ဖို့အစီအစဉ်နဲ့ တနင်္ဂနွေနေ့တိုင်း ကြိုးစားလာခဲ့ကြတာ. Dragon Keepers လို့ အမည်ရတဲ့ ရိန်းဂျားတွေက အပတ်စဉ်နှိမ်နင်းရင်းနဲ့ လူကြိုက်များတဲ့ တနင်္ဂနွေပွဲတော်တစ်ခု ဖြစ်လာခဲ့ပါတယ်။ကမ္ဘာမြေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတဲ့ Dragon Keepers တွေကို အားပေးလာခဲ့ကြတဲ့ပြည်သူတွေကတော့ Dragon Keepers တွေနဲ့ မကောင်းဆိုးဝါးစစ်တပ်ကြားထဲက သဘောတူညီချက်ကိုတော့မသိရှိခဲ့ပါဘူး။ဒါပေမဲ့ တစ်ရက်မှာ ထပ်တလဲလဲ ဟန်ဆောင်ရှုံးနိမ့်ရပြီး ကြည့်ရှုသူတွေရှေ့မှာ အရှက်တကွဲ ချေမှုန်းခံရတဲ့အဖြစ်ကိုငြီးငွေ့လာတဲ့ ခြေကျင်တပ်သား ဖိုက်တာ D တစ်ယောက်ကတော့ Dragon Keepers တွေကို ကိုယ့်နည်းကိုယ်ဟန်နဲ့အနိုင်ယူဖို့ သူတို့အဖွဲ့အစည်းထဲကို ချင်းနင်းဝင်ရောက်ဖို့ ကြိုးစားလာပါတော့တယ်။ဘော့စ်တစ်ကောင်တောင် မဟုတ်တဲ့ သာမန်ဗီလိန် Minion တစ်ယောက်ရဲ့ POV ကနေ တင်ဆက်ထားတဲ့ Anime Series လေးတစ်ခုဖြစ်တဲ့အတွက် လက်လွတ်မခံဘဲ ကြည့်ရှုသင့်ပါကြောင်း…
2024-04-07
Chen Xiao Huaဟာ နန်းတွင်းဂိမ်းလောကတစ်ခုရဲ့ ပျက်စီးနေတဲ့အုပ်ချုပ်မှုများကိုပြောင်းလဲပြီး အကျင့်ပျက်ခြစားနေတဲ့ နန်း၀န်အမတ်များကိုတစ်ယောက်ပြီးတစ်ယောက်ဖယ်ရှားဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ သူ့ဘေးမှာသူ့ကိုကူညီပေးမဲ့သူကတော့ အေအိုင်စက်ရုပ်မလေး Chen Xiao Huaရဲ့မိဖုရား မိန်းကလေးXiaoပါ။ဖန်တီးပုံဖော်ထားတဲ့လောကကြီးမှာ Chen Xiao Huaတစ်ယောက်မစ်ရှင်တစ်ခုအောင်မြင်ဖို့ အကြိမ်ကြိမ်လွဲမှားသေဆုံးရပြီး တဖြည်းဖြည်းအေအိုင်မလေးXiaoနဲ့ရင်းနှီးလာတဲ့အခါ။ တစ်ဖက်က အေအိုင်စက်ရုပ်လေးပေမို့သူတို့နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုသိချင်ရင်တော့ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
2025-05-16
My Hero Academia ရဲ့ Spin-off ဖြစ်တဲ့ Vigilante စီးရီးကတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူကတော့ MHA ပင်မဇာတ်လမ်းကြီး မဖြစ်ခင်အချိန်ကာလကို ဦးတည်ထားတာပါ။ အဲဒါကြောင့် သူတို့ကလွဲပြီး ကျန်တဲ့ All Might တို့ ဘာတို့ Pro Hero ကြီးတွေတော့ ပြန်ပါကြပါသေးတယ်။ အကယ်၍ MHA ကို မကြည့်ဘူးတဲ့ လူတွေအတွက်လည်း ကြည့်ရတာ အဆင်ပြေအောင် တစ်ချက်လောက် ရှင်းပြပါ့မယ်။ဇာတ်လမ်းတည်ထားတဲ့ကမ္ဘာကြီးမှာ လူသားတွေ ၈၀ ရာခိုင်နှုန်းလောက်က Quirk လို့ခေါ်တဲ့ ထူးဆန်းတဲ့အစွမ်းကိုယ်စီ ရှိနေကြပါပြီ။ အသုံးကျတာရှိသလို အသုံးမကျတဲ့အစွမ်းလည်း ရှိတာပေါ့။ ဒီတော့ အစွမ်းထက်တဲ့လူတွေကတော့ Hero ဆိုပြီး လိုင်စင်ယူပြီး လူထုအတွက် အကျိုးပြုသလို တချို့ကျတော့လည်း Villain ဖြစ်သွားကြတာပေါ့လေ။ဒီကားထဲမှာတော့ MC ရဲ့အစွမ်းက သောက်တလွဲပါ လေးဘက်ကုန်းပြီး လျှောဆလိုက်လို စက်ဘီး Speed လောက်နဲ့ သွားလို့ရတာတဲ့။ MC က ကောလိပ်ကျောင်းသား ညညတွေ အားပြီဆို All Might ခေါင်းစွပ်အကျီနဲ့ လူကောင်းလေးဆိုတဲ့ နာမည်နဲ့ ရပ်ကွက်ကို ကိုယ်ထူကိုယ်ထ အကျိုးပြုနေရှာတာပေါ့။ တစ်ညကျ ဒီလိုလုပ်နေတုန်း အားကောင်းတဲ့ လူဆိုးတွေနဲ့ တွေ့ပြီး Vigilante အဖြစ် လုပ်နေတဲ့ လိုင်စင်မဲ့ Hero ကြီးတစ်ယောက်အပြင် ရပ်ကွက်အဆင့် Idol အဆိုကျော်မလေးတစ်ယောက်နဲ့ပါ ၃ ယောက်သား ဆုံစည်းခဲ့တဲ့အခါမှာတော့….။အရင် MHA စီးရီးတွေကို ဖန်တီးပေးခဲ့တဲ့ Bones Studio ကပဲ ပြန်လည်ထုတ်လုပ်ပေးထားလို့ ကြည့်ရမှာ စိတ်ပူစရာတော့ ရှိမနေပါဘူး။ Manga မှာတော့ တူညီတဲ့ Artist မဟုတ်တော့ပဲ တခြားဆရာတစ်ယောက်က Spin-off အဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Avengers အဆင့် Hero တွေကနေ စတိုင်လေးပြောင်းပြီး Spidey တို့ Daredevil တို့လို ရပ်ကွက်အဆင့်လေးဆိုပေမဲ့ သူ့ဇာတ်လမ်းလေးနဲ့သူ ထူးခြားမှုလေးနဲ့ အလားအလာရှိတာကြောင့် အပတ်စဉ် တစ်ပတ်တစ်ပိုင်း အတူတူစောင့်ကြည့်လိုက်ရအောင်လားဗျာ။
2025-04-07
Holo ဆိုတဲ့ဝံပုလွေမလေးဟာ သူနေထိုင်တဲ့ Pasole ဆိုတဲ့ရွာငယ်လေးမှာ နှစ်စဉ် ကောက်ပဲသီးနှံအထွက်တိုးအောင် လုပ်ပေးနေတဲ့ နတ်ဘုရားမလေးပါ။ဒါပေမယ့် ရွာကို မြို့စားအသစ်ရောက်လာပြီးတဲ့နောက် နည်းလမ်းအသစ်တွေနဲ့သီးနှံအထွက်တိုးအောင်လုပ်လာကြတဲ့ ရွာသူရွာသားတွေက ဝံပုလွေနတ်ဘုရားမလေးကိုအယုံအကြည်မရှိကြတော့ပဲ သူ့ရဲ့ဇာတ်လမ်းတွေကလည်း ပုံပြင်တွေအနေနဲ့ပဲ တည်ရှိနေပါတော့တယ်တဲ့အဲဒါနဲ့ Holo က စိတ်ပျက်လက်ပျက်နဲ့ ရွာကနေထွက်ပြီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့မြောက်ပိုင်းကို ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း တစ်မြို့ဝင်တစ်မြို့ထွက်အရောင်းအဝယ်လုပ်နေတဲ့ ခရီးသွားကုန်သည်လေး Kraft Lawrence က အဲဒီရွာမှာရှိတဲ့သူ့ရဲ့မိတ်ဆွေကိုတွေ့ဖို့ ရွာကိုရောက်လာခဲ့ပါသတဲ့။ မြို့ကအပြန်လမ်းမှာ တစ်ထောက်နားရင်းလှည်းပေါ်မှာပါလာတဲ့ နားရွက်ထောင်ထောင် အမြှီးရှည်ရှည်နဲ့ ဝံပုလွေတစ်ကောင် တွေ့လိုက်ရပြီးနှစ်ယောက်အတူ ခရီးသွားဖို့ ဖြစ်လာကြတဲ့အခါ…. မြောက်ပိုင်းကိုပြန်ဖို့ ကြိုးစားနေတဲ့ဝံပုလွေမလေး Holo နဲ့ နေရာအနှံ့လှည့်ရင်း အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်လေးLawrence တို့ အတူခရီးသွားရင်း ကြုံလာတဲ့ အခက်အခဲတွေ၊ လှည့်စားမှုတွေကိုဘယ်လိုဖြတ်ကျော်ကြမလဲ၊ Holo ပြန်ချင်တဲ့မြောက်ပိုင်းကိုရော အမှန်တကယ်ရောက်ရှိနိုင်ပါ့မလား၊ သူတို့ကြားထဲက ဆက်ဆံရေးကရော ဘယ်လိုသံယောဇဉ်တွေပေါက်ဖွားလာကြမလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Fantasy အမျိုးအစားလေးဖြစ်ပြီး သွက်လက်တဲ့ ဝံပုလွေမလေးနဲ့ တည်ငြိမ်တဲ့ကုန်သည်လေးတို့နှစ်ယောက် ဘယ်လိုchemistryတွေမိနေကြမလဲဆိုတာ ကြည့်ရှုနိုင်မယ့်အပြင်Comedy Romanceလေးလည်း ပါဝင်တော့ ကြည့်ရှူသူတွေအတွက် ခိုးလုခိုးလုနဲ့ရင်ခုန်စွာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါ။ ထုတ်လုပ်ပေးတဲ့ Studio ကတော့Light novel series တွေကို Anime အဖြစ်ပြောင်းပြီး ထုတ်လုပ်လေ့ရှိတဲ့Passione Studio ပဲ ဖြစ်ပါတယ်။ ဒီ Spice and Wolf Series ကလည်းPassione Studioရဲ့ အပြောင်မြောက်ဆုံး လက်ရာထဲကတစ်ခုဖြစ်တာကြောင့်လက်လွှတ်မခံသင့်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်ရှင်….
2024-04-02
အမုန်းတရားတွေနဲ့စတင်ခဲ့တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်နူးညံ့သိမ်မွေ့ပြီးပန်းတစ်ပွင့်လိုလှပတဲ့ ချောင်အိမ်တော်ရဲ့သခင်မလေး“ချောင်မန်”ကိုမှသိမ်းပိုက်ခဲ့တဲ့ ကလဲ့စားချေလိုစိတ်တွေပြင်းထန်နေတဲ့ရက်စက်လှတဲ့ “ဝေ့ရှောက်”ဝေ့အိမ်ေတာ်သခင်ဖြစ်တဲ့ “ဝေ့ရှောက်”ဟာတစ်ချိန်က ဖခင်နဲ့အစ်ကိုဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အပြင်မျိုးနွယ်တစ်စုလုံးသတ်ဖြတ်ခံရပြီးသွေးချောင်းစီးခဲ့ရတယ်။အရာအားလုံးကိုဆုံးရှုံးခဲ့ရတယ်။အမုန်းတရားတွေကိုရင်ဝယ်ပိုက်ပြီးရှင်သန်နေတဲ့”ဝေ့ရှောက်”အတွက် ဒီလုပ်ကြံသတ်ဖြတ်မှုနဲ့ဆက်နွှယ်နေတယ်လို့ယူဆရတဲ့ ချောင်အိမ်တော်ဟာပစ်မှတ်တစ်ခုဖြစ်လာခဲ့တယ်။ဝေ့ရှောက်နဲ့ အတင်းစေခိုင်းလက်ထပ်ခဲ့ရတဲ့ ချောင်အိမ်တော်ရဲ့သခင်မချောင်အိမ်တော်ရဲ့သခင်မလေးချောင်မန့်ကတော့ ဒီအမုန်းတရားတွေအတွက်နယ်ရုပ်တစ်ခုသာသာ…ဒီလိုနဲ့အမုန်းတရားကနေအချစ်ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုပေါက်ဖွားလာမလဲအလှလေးကိုသိမ်းပိုက်ပြီးအကျဉ်းသားလိုဆက်ဆံခဲ့ပေမဲ့ကိုယ်တိုင်ကအလှတရားရဲ့အကျဉ်းသားဖြစ်သွားခဲ့ရသလား…ရက်စက်ခက်ထန်လှပါတဲ့ဆိုတဲ့ ဝေ့ရှောက်ကိုမှ ဘယ်အရာတွေကပြောင်းလဲစေခဲ့တာလဲလုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သတ်ပြီးအမှန်တရားကိုရောဖော်ထုတ်နိုင်မှာလားဆိုတာ…ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင်မင်းသားနဲ့မင်းသမီးဟာလည်းသိပ်ကိုတွဲဖက်ညီပြီးဇာတ်ကောင်ကိုအသက်ဝင်စွာသရုပ်ဖော်ထားတာမလို့ အတူလိုက်ပါစီးမျောလိုက်ရအောင်လားရှင်
2025-05-13
ဒီလောကကြီးထဲမှာ နတ်ဘုရားတွေရှိတယ်လို ယုံကြည်ကြတဲ့သူတွေ အများကြီးပါ...ကိုးကွယ်ယုံကြည်ကြတဲ့သူတွေကြားမှာမှ..မြင်ပါမြင်နိုင်တယ်ဆိုတဲ့ လူတွေကိုတော့ လူတွေက စိတ်ကျန်းမာရေး မကောင်းသူလို သတ်မှတ်ခဲ့ကြတယ်...ဒါဆို သူတို ဘယ်လိုရှင်သန်ကြမလဲသူတိုက ဘာကြောင့် နတ်ဘုရားတွေကို မြင်နိုင်နေရတာလဲတကယ်ပဲ နတ်ဘုရားတွေချည်းပဲ ရှိနေတာလား အခြားဖန်တီးမှုအရာတွေကကော မရှိနိုင်ဘူးလား...ကောင်းကင်တမန်တော်တွေဖြစ်တဲ့ မိုက်ကယ်၊ လူစီဖာ...ဂရိနတ်ဘုရား, နတ်ဘုရားမတွေ... ဒါဆိုအနောက်တိုင်းဒေသက နတ်ဘုရားတွေ အခြား Mythology က နတ်ဘုရားတွေက တရုတ်ပြည်မှာ ပေါ်လာတဲ့အချိန်...တရုတ်ပြည်ရဲ့ နတ်ဘုရားတွေကကော ဘယ်ရောက်နေရတာလဲ...နတ်ဘုရားတွေဆိုတိုင်းကော ကောင်းမွန်မှာတဲ့လား...မေးခွန်းပေါင်းများစွာနဲ့ ရင်ခုန်စိတ်လှုပ်ရှားရမဲ့ကားလေးပါပဲ...ဒါဆို MC ကကော ဘာလဲ...ကောင်းကင်တမန်တော် မိုက်ကယ် ရဲ့ ကိုယ်စားတမန်တော် ဖြစ်ခဲ့ရပေမဲ့ ဂရိနတ်ဘုရားတွေရဲ့ စွမ်းအင်တွေကိုပါ ပိုင်ဆိုင်လာတဲ့အခါ...ဘာကိုရင်ဆိုင်ပြီး... ဘယ်အရာတွေကို ဖြေရှင်းရမှာလဲကဲ တစ်ပါတ်တစ်ပိုင်း အစဉ်အလာမပြတ် စောင့်ဆိုင်းလိုက်ကြရအောင်
2024-07-31
တစ်ခုသောညမှာ ချောင်းကလေးထဲ ကလေးတစ်ယောက်က ခြင်းကလေးထဲမှာ မျောပြီးပါလာတယ်။ အမှတ်အသားတံဆိပ်ပြားလေးတစ်ခုလွဲလို့ ကျန်တာအထွေအထူးမရှိခဲ့ပါဘူး။ ကြည့်ရတာစွန်ပစ်ခံလိုက်ရပုံပါပဲ ကံကြမ္မာကဖန်လာလေတော့ ထိုကလေး လေးဟာ တာ့ရွှီးလို့ခေါ်လို့ စွန့်ပစ်ခံနတ်ဘုရားနယ်မြေကိုရောက်လာတယ်။ အဲ့ရွာမှာတော့ အတိတ်ဇာတ်ကြောင်းကို ကိုယ်စီ ဖုံးကွယ်ထားကြတဲ့ သိုင်းလောကရဲ့ တစ်ဖတ်ကမ်းခေတ် ပြောက်မြောက်သူတွေ ဇာတ်မြုပ်နေကြတဲ့နေရာပါ အဲ့နေရာကိုရောက်သွားတဲ့ ဒီကလေး ဘယ်ရွေ့ဘယ်ပုံရှေ့ဆက်မလဲ။ ဘယ်လိုမျိုးစိတ်၀င်စားစရာကောင်းတဲ့ ဇာတ်လိုက်တစ်ဦးဖြစ်လာမလဲ။ သူ့သဘာ၀ အကြောင်း အကောင်းအဆိုး အနိမ့်အမြင့်ကို အတူတူလိုက်ပါခံစားကြည့်ကြရအောင်ပါ
2024-10-27
လင်းဝူကုန်းမြေမှာ ဝိညာဉ်စွမ်းအား နဲ့ သိုင်းအင်အား နှစ်မျိုးယှဉ်တွဲ တည်ရှိနေပါတယ် ဝိညာဉ်ကျင့်စဉ်အောင်မြင်သူတွေဟာ တောင်တန်းတွေ မြစ်တွေကိုပါ ရွေ့လျားစေနိုင်သော အစွမ်းရှိပြီး သိုင်းပညာကျွမ်းကျင်သူကတော့ မိုးနဲ့မြေကိုပါ လှန်ပစ်နိုင်ပါတယ်တဲ့ ရှင်းချန်မြို့မှ ပါရမီရှင်လေး လို့ခေါ်ကြတဲ့ ချန်ထျန်းဟာ အသက်ဆယ်နှစ်ပြည့်ပြီးနောက်ပိုင်းမှာ သိုင်းဝိညာဉ်စွမ်းအားတွေဆုံးရှုံးကာ မိသားစု၀င်ထဲမှာ သုံးစားမရတဲ့အလကားကောင်ဖြစ်လာခဲ့ပြီး လူတိုင်းက အထင်သေးခြင်းကိုခံရသူပါ "ချောက်ထဲပြုတ်ကျ သိုင်းကျမ်းရ" ဆိုသည့် တရုတ်ကားတွေရဲ့အစဉ်အလာအတိုင်း တနေ့ကျ ချန်ထျန်းတစ်ယောက်တိုက်ခိုက်နေတုန်း ချောက်ကမ်းပါးအောက်ကိုပြုတ်ကျသွားပြီး ရှေးဟောင်းဓားဧကရာဇ်မင်းစီမံထားတဲ့ အစီအရင်စက်ကွင်းထဲကို ကျရောက်သွားသောအခါ ......... ဒီလိုနဲ့ လူတိုင်းရဲ့အထင်သေးခြင်းခံရခဲ့တဲ့ လူငယ်လေး ချန်ထျန်းတစ်ယောက် နောက်ဆုံးမှာ လင်းဝူကုန်းမြေကို ဘယ်လိုအံ့ဖွယ်အရည်အချင်းတွေနဲ့ ကြီးစိုးသွားမလဲဆိုတာ...........
2024-07-26
ဆရာတူအကိုကြီးက တစိုက်မတ်မတ်နဲ့ ပညာတွေကိုကြိုးစားသင်ယူတယ် ဒုတိယဆရာတူအကိုကတော့ ခပ်ဆိုးဆိုးနဲ့ ပေတေတေပဲဆရာတူအကိုကြီးကိုလူတိုင်းက ပါရမီရှင်လိုခေါ်ကြပြီး ဒုတိယဆရာတူအကိုကတော့ ဂိုဏ်းမျက်နှာအိုးမည်းနဲ့သုတ်တယ်" ဆရာရေ လာပါဦး ဆရာတူအကိုကြီးနဲ့ ဒုတိယဆရာတူအကိုတို့ ချကုန်ကြပြီ "
2025-04-01
ဒီကမ္ဘာကြီးက လူသားတွေရဲ့ယုံကြည်မှုစွမ်းအားကနေဖြစ်တည်လာတဲ့ သူရဲကောင်း (Hero) တွေ ရှိနေတဲ့ကမ္ဘာဖြစ်ပြီး ယုံကြည်မှုစွမ်းအားတွေ လက်ခံရရှိတဲ့လူ (Hero) တွေကို "X " လို ခေါ် ကြပါတယ်ဒီကမ္ဘာမှာ လူတွေရဲ့ ယုံကြည်မှုစွမ်းအားဘယ်လောက်ရှိလဲဆိုတဲ့ data တွေက လူတိုင်းရဲ့လက်ကောက်ဝတ်ပေါ်မှာ ရှိနေမှာပါယုံကြည်ခြင်းရမှတ်တွေ လုံလောက်အောင်ရနေသမျှ သာမန်လူတွေလည်း သဘာဝလွန်စွမ်းအားတွေနဲ့ Hero ဖြစ်လာနိုင်တဲ့အပြင် ကမ္ဘာကြီးကို ကယ်တင်နိုင်လာမှာပါဒါပေမယ့်လည်း အမြဲပြောင်းလဲနေတဲ့ ယုံကြည်မှုတန်ဖိုးတွေက Hero တွေရဲ့လမ်းတစ်လျှောက် ဘယ်လိုမသိနားမလည်ခြင်းတွေနဲ့ ကွဲပြားသွားမလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်ပေးပါဦးနော်
2025-04-06
စုံထောက်အဖွဲခေါင်းဆောင် Gu Zhenဟာ ရှုပ်ထွေးနက်နဲတဲ့ ရာဇဝတ်မှုတွေကို သူ့ရဲ့ထက်မြက်ထူးချွန်တဲ့အရည်အချင်းနဲ့ အဖွဲလိုက် ဖြေရှင်းဖော်ထုတ်နေသူပါ။တစ်ချိန်တည်းမှာပဲ အတိတ်က သူ့ရဲ့သားကောင်တစ်ဦးဟာ မိသားစုအတွက် လက်တုံပြန်ဖို သူ့ကိုပစ်မှတ်ထားနေမှန်း သိလိုက်ရချိန်မှာတော့ချစ်ခင်ရသူတွေနဲ့ မဆိုင်တဲ့လူတွေကို မထိခိုက်အောင်ကာကွယ်ဖို တရားဥပဒေဘောင်ထဲကနေ Gu Zhenတစ်ယောက် အမှောင်ထုထဲကရန်သူကို ရင်ဆိုင်ရပါတော့တယ်။
2025-02-20