ဆာကာမိုတိုရဲ့နေ့ရက်များ (SAKAMOTO DAYS)

ဆာကာမိုတိုရဲ့နေ့ရက်များ (SAKAMOTO DAYS)

Ongoing 171 Views

Sakamoto ဆိုတဲ့ဘဲကြီးက မြေအောက်လောကမှာ ဆရာတစ်ဆူပါ။ ဂန္တဝင်တွင်ရတဲ့ ကြေးစားလူသတ်သမားကြီးတစ်ယောက်ပေါ့။ ဒါပေမဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့နောက် လူတွေလည်းမသတ်တော့ပဲ ကြေးစားဘဝကနေ စွန့်လွှတ်ပြီး မိသားစုဘဝလေးထူထောင် ဈေးရောင်းရင်း ဖတ်တီးပုတ်ကြီး ဖြစ်လို့နေပါပြီ။ လူကသာ ဝတာပါ လက်ရည်ကတော့ တစ်စက်မှ မကျသေးတဲ့ ဝတုတ်ပေါ့ဗျာ။ အဲဒီမှာ Sakamoto ကို လေးစားအားကျပြီး သူများစိတ်ကို ဖတ်နိုင်တဲ့အစွမ်းရှိတဲ့ ဂိုဏ်းလူမိုက်လေး Shin ဆိုတာ ရှိပါတယ်။ သူက Sakamoto ကို အားကျနေပါတယ်ဆိုကာမှ သူ့ခေါင်းဆောင်က အဲဒီဖက်တီးက ဒီလောကထဲကနေ နုတ်ထွက်သွားတာကြောင့် ဒီလိုမျိုး မရှိရဘူး သူ့ကိုသတ်ခဲ့ဆိုပြီး စေခိုင်းလိုက်တဲ့အချိန်ကနေ နောက်ထပ် ဘယ်လိုတွေဆက်ဖြစ်ရမလဲ.....