ခုလက်ရှိထုတ်လွှင့်နေတဲ့အထဲ တော်တော်ကို Dark & Grim ဖြစ်ပြီး ဟာသဆိုလည်း မပါသလောက်ကို နည်းတယ်နောက်ပြီး ဒိုင်ယာလော့ခ် ဇာတ်ညွန်းတွေမိုက်တယ် ရုပ်ထွက်လည်း ဖိုင်းတယ်ဓားသိုင်း ပါဝါ အက်ရှင်တွေပါတယ် ဝမ်းနည်းကြေကွဲစရာ Deep ဖြစ်တဲ့ဇာတ်ဝင်ခန်းတွေနဲ့ရော ရှယ်ပါပဲ။ပထမဆုံးအပိုင်းမှာတင် ၁ နာရီလောက်ကြာမြင့်တဲ့ Epic ဆန်ဆန် အစပျိုး ဇာတ်လမ်းတည်ထားတယ်။ဇာတ်လမ်းအကျဉ်း ပြောပြရမယ်ဆို မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ဆိုတဲ့ကလေးမလေးရယ်အစ်ကိုဖြစ်သူ Jinta ရယ် အိမ်ကနေထွက်ပြေးလာတော့ လမ်းမှာ လူကြီးတစ်ယောက်က ကယ်တင်ပေးခဲ့တယ်။သူနေတဲ့ Kadono ရွာကို ခေါ်သွားပြီး မိသားစုအဖြစ် ပျိုးထောင်ပေးခဲ့တာပေါ့။သူ့မှာလည်း Shirayuki ဆိုတဲ့ သမီးအရင်းလေးတစ်ယောက်ရှိသေးတယ်။ဒီလိုနဲ့ ကြီးပြင်းလာတော့ကျ သမီးဖြစ်တဲ့ Shirayuki ကတောင်ပေါ်နတ်ကွန်းမှာ နတ်ဆရာမ Miko အဖြစ်နေရတယ်။ Jinta ကကျ သူ့ကိုကာကွယ်စောင့်ရှောက်ပေးရတဲ့ ကင်းစောင့်သမားလေး။မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ကျ အသက်အရွယ်ကြီးမလာပဲ ဒီပုံစံလေးအတိုင်းပဲပေါ့။အဲဒီမှာ အားလုံး အေးအေးချမ်းချမ်း ရှိနေကြတဲ့အချိန် မကောင်းဆိုးဝါး မိစ္ဆာနှစ်ကောင်ရောက်ရှိလာပြီးငြိမ်သက်သာယာနေတဲ့ဘဝလေးကို ဝင်ရောက်ဖျက်ဆီးလိုက်တဲ့အချိန်ကစပြီးJinta တစ်ယောက် ရွာမှာအထွတ်အမြတ်ထားတဲ့ Yarai ဆိုတဲ့ မကောင်းဆိုးဝါးနှိမ်နှင်းရေးဓားနဲ့နှစ်ပေါင်း ၁၇၀ ကျော် စွန့်စားခန်းရှည် ထွက်ဖို့ ဖြစ်လာခဲ့တော့တယ်…။အခုထက်ထိ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် အချိတ်အဆက်ကောင်းကောင်းနဲ့ ရင်ထဲရောက်အောင်လုပ်ပေးနေတဲ့ စီးရီးကောင်းလေးဖြစ်လို့ ပရိသတ်တွေကိုလည်းအလားတူ ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။

Log in to post a comment.
No comments yet. Be the first to comment!