My Hero Academia ရဲ့ Spin-off ဖြစ်တဲ့ Vigilante စီးရီးကတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူကတော့ MHA ပင်မဇာတ်လမ်းကြီး မဖြစ်ခင်အချိန်ကာလကို ဦးတည်ထားတာပါ။ အဲဒါကြောင့် သူတို့ကလွဲပြီး ကျန်တဲ့ All Might တို့ ဘာတို့ Pro Hero ကြီးတွေတော့ ပြန်ပါကြပါသေးတယ်။ အကယ်၍ MHA ကို မကြည့်ဘူးတဲ့ လူတွေအတွက်လည်း ကြည့်ရတာ အဆင်ပြေအောင် တစ်ချက်လောက် ရှင်းပြပါ့မယ်။ဇာတ်လမ်းတည်ထားတဲ့ကမ္ဘာကြီးမှာ လူသားတွေ ၈၀ ရာခိုင်နှုန်းလောက်က Quirk လို့ခေါ်တဲ့ ထူးဆန်းတဲ့အစွမ်းကိုယ်စီ ရှိနေကြပါပြီ။ အသုံးကျတာရှိသလို အသုံးမကျတဲ့အစွမ်းလည်း ရှိတာပေါ့။ ဒီတော့ အစွမ်းထက်တဲ့လူတွေကတော့ Hero ဆိုပြီး လိုင်စင်ယူပြီး လူထုအတွက် အကျိုးပြုသလို တချို့ကျတော့လည်း Villain ဖြစ်သွားကြတာပေါ့လေ။ဒီကားထဲမှာတော့ MC ရဲ့အစွမ်းက သောက်တလွဲပါ လေးဘက်ကုန်းပြီး လျှောဆလိုက်လို စက်ဘီး Speed လောက်နဲ့ သွားလို့ရတာတဲ့။ MC က ကောလိပ်ကျောင်းသား ညညတွေ အားပြီဆို All Might ခေါင်းစွပ်အကျီနဲ့ လူကောင်းလေးဆိုတဲ့ နာမည်နဲ့ ရပ်ကွက်ကို ကိုယ်ထူကိုယ်ထ အကျိုးပြုနေရှာတာပေါ့။ တစ်ညကျ ဒီလိုလုပ်နေတုန်း အားကောင်းတဲ့ လူဆိုးတွေနဲ့ တွေ့ပြီး Vigilante အဖြစ် လုပ်နေတဲ့ လိုင်စင်မဲ့ Hero ကြီးတစ်ယောက်အပြင် ရပ်ကွက်အဆင့် Idol အဆိုကျော်မလေးတစ်ယောက်နဲ့ပါ ၃ ယောက်သား ဆုံစည်းခဲ့တဲ့အခါမှာတော့….။အရင် MHA စီးရီးတွေကို ဖန်တီးပေးခဲ့တဲ့ Bones Studio ကပဲ ပြန်လည်ထုတ်လုပ်ပေးထားလို့ ကြည့်ရမှာ စိတ်ပူစရာတော့ ရှိမနေပါဘူး။ Manga မှာတော့ တူညီတဲ့ Artist မဟုတ်တော့ပဲ တခြားဆရာတစ်ယောက်က Spin-off အဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Avengers အဆင့် Hero တွေကနေ စတိုင်လေးပြောင်းပြီး Spidey တို့ Daredevil တို့လို ရပ်ကွက်အဆင့်လေးဆိုပေမဲ့ သူ့ဇာတ်လမ်းလေးနဲ့သူ ထူးခြားမှုလေးနဲ့ အလားအလာရှိတာကြောင့် အပတ်စဉ် တစ်ပတ်တစ်ပိုင်း အတူတူစောင့်ကြည့်လိုက်ရအောင်လားဗျာ။

Log in to post a comment.
No comments yet. Be the first to comment!