Romantic Comedy ဆိုတော့ ဟာသတွေရယ် တခြား Anime တွေကို ပြောင်တာတွေရယ်ပါတဲ့အပြင်အချစ်ရေးလေးလည်း ပါတော့ ပိုပြီး ပြည့်စုံစေတာပေါ့။ အချစ်ရေးဆိုလို့လည်း မင်းသမီးလေးကတစ်ဖက်သတ် မင်းသားကို ဇွတ်ကြူးတာရယ် အကြူးတစ်လိုင်းနဲ့ အခွီလေးပေါ့ဗျာ။တခြား Anime တွေကိုလည်း လိုက်လိုက် မျက်ခွက်ပြောင်ထားတာများသိသလောက်ဆို ခုထိ Demon Slayer ရော Hunter X Hunter ရော ခဏခဏ ပါတယ်။ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ဆက်ပြောရမယ်ဆို မင်းသားလေးကဘီလူးမျိုးဆက် မင်းသမီးလေးက စုန်းမ၊ သူတို့နှစ်ယောက်ကကလေးဘဝကတည်းက ငယ်သူငယ်ချင်း။ ဒါပေမဲ့ တစ်ရက်ကျစုန်းမဖြစ်ဖို့ လေ့ကျင့်ခန်းဆင်းရမယ်ဆိုပြီး နှစ်ယောက်သားနှစ်နည်းနည်းကြာအောင် ဝေးသွားကြတာပေါ့။ဒီလိုနဲ့ အထက်တန်းကျောင်းသူကျောင်းသားအရွယ်ကျမှနှစ်ယောက်သား ပြန်ဆုံဖို့ ဖြစ်လာတယ်။ ပြန်ဆုံချင်တော့လည်းဘယ်လိုလဲဆိုတော့ မင်းသားက မင်းသမီးရဲ့ အစောင့်အရှောက်ဝိဉာဉ်အဖြစ်နဲ့နှစ်ယောက်သား တစ်အိမ်တည်းအတူတူနေဖို့ ကံပါလာရော။ဒါပေမဲ့ သူနဲ့အတူတူ ကောင်းခြင်းဆိုးခြင်း ဒွန်တွဲပြီးကပ်ပါလာတာကတစ်နေ့မှာ ဒီကောင်မလေးအပေါ် ကံဆိုးမိုးမှောင်ကျစေမယ့်ကပ်ဘေးဒုက္ခတစ်ခု ဖြစ်မယ်ဆိုတဲ့ ဟောကိန်းတစ်ခုပဲ။ဒီဟောကိန်းအရ ဒီကပ်ဘေးဆိုက်မှာ ဘယ်နေ့ဘယ်ရက်အတိအကျဖြစ်မလဲ မသိရတော့ နှစ်ယောက်သား တစ်အိမ်တည်းအတူတူနေရင်းဘယ်လိုပေါက်ကရမျိုးစုံ ကြိုးခုန်ရင်း ဘာတွေဖြတ်သန်းရမလဲဆိုတာအပတ်စဉ် စောင့်ကြည့်သွားရမှာဖြစ်ပါတယ်…

Log in to post a comment.
No comments yet. Be the first to comment!