“သာမန်ဖြစ်အောင် ဘယ်လိုနေကြမလဲ” ဆိုတဲ့အတိုင်းပဲ Kobato ဆိုတဲ့ကောင်လေးနဲ့ Osanai ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းကို ရောက်လာတဲ့အချိန် သာမန်လူအဖြစ်သာ နေချင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ Kobato ဆိုတဲ့ကောင်လေးဟာ စုံထောက်ရှားလော့ဟုမ်းတို့လိုပဲကောက်ချက်ချတာ စုံထောက်လုပ်တာ သဲလွန်စရှာတာတွေကို အရမ်းကျွမ်းကျင်ပြီး သူ့အလိုလို သူများပြဿနာတွေထဲဆိုလည်း ဝင်ဝင်ပါမိတတ်လွန်းသူပါ။ဒါကြောင့် သူငယ်ချင်းဖြစ်သူ Osanai နဲ့ အထက်တန်းရောက်ရင်တော့သာမန်လူလိုပဲ အေးအေးဆေးဆေးနေမယ်ဆိုပြီး ကတိလုပ်ထားပေမဲ့လည်းဝါသနာအလျောက် ထုံးစံအတိုင်း သူများတွေရဲ့ ပြဿနာတွေကို ဝင်ပါဖြေရှင်းရာကနေတဖြည်းဖြည်း သူတို့အတွက်ပါ ငြိမ်းချမ်းသာယာတဲ့ဘဝလေးကနေ အန္တရာယ်ဖြစ်စေနိုင်တဲ့ထိကိစ္စတွေ ကြုံဆုံလာကြတဲ့အချိန်မှာတော့ နှစ်ဦးသား သူတို့ရဲ့ ထူးချွန်တဲ့ဉာဏ်အစွမ်းနဲ့ဘယ်လိုတွေ ဖြေရှင်းကျော်လွှားသွားကြမလဲဆိုတာ ကြည့်ရမယ့်Mystery အမျိုးအစား Anime စီးရီးလေး ဖြစ်ပါတယ်။ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ အရှေ့မှာ တင်ဆက်ခဲ့ဖူးပြီးသားMystery စီးရီးတစ်ခုဖြစ်တဲ့ Undead Girl Murder Farce ကိုထုတ်လွှတ်ပေးခဲ့တဲ့ Lapin Track ပဲ ဖြစ်ပါတယ်။သိတဲ့အတိုင်း စုံထောက်ဆန်ဆန် Mystery အမျိုးအစားဖြစ်လို့ဇာတ်လမ်းက ဝုန်းဒိုင်းကျဲ တင်ဆက်မထားပဲအေးဆေးလေးပဲ ဇိမ်ခံ စီးမျောလို့ကောင်းမယ့် အမျိုးအစား ဖြစ်ပါတယ်။

Log in to post a comment.
No comments yet. Be the first to comment!