လူရယ်လို့ဖြစ်လာပြီဆိုရင် သမုဒ္ဒရာဝမ်းတထွာအတွက် လူတိုင်းရှာဖွေစားသောက်ကြရတာ သဘာဝပါ…..အဲဒီလို သက်မွေးဝမ်းကြောင်းတွေထဲ ဆရာဝန်ဆိုတဲ့ သက်မွေးဝမ်းကြောင်းတစ်ခုလည်းပါဝင်ပါတယ်……လူတွေရဲ့ အသက်ဆက်ရေး ကျန်းကျန်းမာမာနေရရေးအတွက် သေမင်းနဲ့ စီးချင်းထိုး ကုသပေးရတဲ့သူတွေလို့ ဆိုကြတာပေါ့…….အဲဒီလို လူ့အသက်တွေကို ကိုင်တွယ်နေရတဲ့ ဆရာဝန်တစ်ယောက်က အတ္တကြီး ကြွားလုံးထုတ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာကလွဲ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးဆို ဘာဖြစ်သွားမလဲ…..တွေးကြည့်ဝံ့စရာပင်မရှိတော့…..ခွဲစိတ်ဆရာဝန်ဖြစ်နေပြီဆိုရင်တော့ ပိုလို့ပင်ပြောစရာမရှိတော့ပါ…….ဟုတ်ပါတယ် ကိုယ့်ခန္ဓာတခုလုံး ဝကွက်အပ်လိုက်ရမဲ့လူက အဲဒီလိုလူမျိုးဆိုတာသိနေလို့ကတော့ မခွဲခင်က သေနှင့်ပြီဆိုတာတွေ ပုံအောလာမှာပါပဲ……..ဒီဇာတ်ကားလေးမှာတော့ အဲဒီလိုဖြစ်နေတဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန် တစ်ယောက်အကြောင်း တင်ဆက်ပေးထားတာပါ ဖြစ်ရပ်မှန်ပါ….သူခွဲလိုက်ရင် သေရင်သေ မသေရင် ဒုက္ခိတတော့အနည်းလေးဖြစ်တတ်တာဆိုတော့ တကယ်တတ်ကျွမ်းပြီး လူနာတွေပေါ် စေတနာထားတဲ့ ဆရာဝန်ကြီးနှစ်ယောက်က သူ့ကို တားနိုင်ဖို့ အားကုန်ထုတ်ကြိုးစားပါတော့တယ်……ကျွန်တော်တို့ဆီမှာဆိုရင်တော့ ဆမသိမ်း ရွာပြန်အိပ်ရအောင်လုပ်သလိုမျိုးပေါ့……….ဒါပေမဲ့ သူတင်ကြောက်ဖို့ကောင်းတာလားဆိုတော့မဟုတ် အတ္တကြီးမားလှတဲ့လူတွေရဲ့ ကိုယ်ကျိုးတစ်ခုတည်းကြည့်တတ်တဲ့ အကျင့်ကြောင့် ဆရာဝန်ကြီးနှစ်ယောက်ကြိုးစားသမျှက အရာမဝင်ဖြစ်နေတော့တာပေါ့…….အဲဒီတော့ ဘယ်လိုမှလက်ခံလို့မရတဲ့ ကိစ္စကို ဆရာဝန်ကြီးနှစ်ယောက်က ဘယ်လိုတားဆီးကြမလဲ……သူတို့ကို ကူညီပေးမဲ့သူရော ရှိနေပါ့မလား……အရာရာ အပေါ်ယံသာကြည့်တတ်တဲ့ လူ့လောကကြီးထဲ အပေါ်ယံနဲ့ဆုံးဖြတ်ထားတဲ့ မှတ်တမ်းကောင်းတွေကြောင့် ကျင့်ဝတ်ပျက်ဆရာဝန်ကရော ဘယ်လောက်ထိ ရူးမိုက်ဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါဦးလို့…

Log in to post a comment.
No comments yet. Be the first to comment!