Dom နဲ့ Kay တို့ဟာ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြပြီး အမှုလိုက်တဲ့အလုပ်မလုပ်ရတဲ့ ဌာနအတွင်း ရဲလို့တောင်အသတ်မှတ်မခံရတဲ့လမ်းဘေးမှာယာဉ်အန္တရာယ်လမ်းအန္တရာယ်များအကြောင်းပညာပေးစာစောင် ကမ်းရသူရဲများဖြစ်ကြပါတယ်..Dom ဟာဆိုရင် တက္ကသိုလ် မှုခင်းဗေဒဘာသာရပ်မှာ အဆင့်မြင့်မြင့်အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ထားသူဖြစ်သော်လည်းလန်ဒန်မြို့တော်ရဲဌာနကတော့ ရာထူးတိုးပေးဖို့ ငြင်းဆိုရင်းလမ်းသတိပေးတာဝန်အတွက်သာ Dom ကိုနေရာချထားခဲ့ပါတယ်ထို့ကြောင့်ပဲ Dom ဟာ ရဲဌာနကို စိတ်နာကာ အရွဲ့တိုက်လျက်ရုံးအချိန်မှန်မတက် ယူနီဖောင်းသေချာမဝတ် စည်းကမ်းမလိုက်နာဘဲဘေးတစောင်းလိုက်ကာ ရေစုန်မျှောနေသူဖြစ်ပါတယ်…Kay ဟာဆိုရင်တော့ Dom ရဲ့တွဲဘက်ဖြစ်ပြီး ရိုးသားလွန်းသူတုံးလွန်းသူဖြစ်ကာ ဘာသာရေးအဆုံးအမတွေကို လိုက်နာသူအခြားသူများကို ဘာသာရေးလုပ်ဖို့ စည်းရုံးသူဖြစ်ပါတယ်..သို့နှင့် ၎င်းတို့နှစ်ယောက် လမ်းမပေါ်မှာ သတိပေးလက်ကမ်းစာစောင်များဝေရင်း ကျရာဇာတ်ရုပ်ကို မကချင်ကချင်ကနေစဉ်မှာပဲလန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ ဘရိုက်မာ့ရှ်နယ်မြေက မူးယစ်ဂိုဏ်းကိုဖမ်းဆီးဖို့ အလုပ်ရှုပ်နေခဲ့ပါတယ်..၎င်းမူးယစ်ဂိုဏ်းဟာ လူမဲများရဲ့ ဂိုဏ်းဖြစ်တာကြောင့် အသွင်ယူရဲများဟာ လူမဲဖြစ်ဖို့လိုနေခဲ့ပါတယ် သို့သော်လည်း ရဲဌာနမှအကြီးအကဲများဟာ ထိုအမှုအတွက်တာဝန်ရှိသူစုံထောက်ကြီးကိုလူဖြူအသွင်ယူရဲများသာ ချပေးရာမှာတော့ အထက်လူကြီးများထိုအမှုပေါ်ထားရှိတဲ့ မမှန်ကန်တဲ့သဘောထားကို စုံထောက်ကြီးရိပ်မိသွားကာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ဖြစ်လာခဲ့ပါတယ်..ထိုအခိုက်မှာပဲ လန်ဒန်မြို့တော်ရဲစခန်းရဲ့ လူမဲအရာရှိ ၂ ဦးဖြစ်တဲ့Dom နဲ့ Kay တို့ အသွင်ယူရဲအဖြစ်နဲ့ ရဲအလုပ်စစ်စစ်ကို လုပ်ဖို့အခွင့်အရေးရလာပါတယ်..သို့သော်လည်း ထိုအသွင်ယူစစ်ဆင်ရေးဟာ လျှို့ဝှက်စစ်ဆင်ရေးဖြစ်လို့ Dom နဲ့ Kay ရယ် စုံထောက်ကြီးရယ်သာ သိရှိထားရာအသွင်ယူနေစဉ်အတွင်း စုံထောက်ကြီးရဲ့ အသက်မဲ့အလောင်းကိုမြေမြှုပ်ပေးဖို့ ဂိုဏ်းသားများက စေခိုင်းလာတဲ့နောက်မှာတော့Dom နဲ့ Kay တို့ ဦးခေါင်းပြတ်လျက် မျောက်သစ်ကိုင်းလွတ်သလိုဖြစ်ခဲ့ရပါတယ်..ထိုသို့နှင့် အကာအကွယ်ပေးမည့် စုံထောက်ကြီးလည်း မရှိဂိုဏ်းသားများလက်ကလည်း မလွတ်နိုင်တော့တဲ့နောက်မှာတော့ငုတ်မိသဲတိုင် တိုင်နိုင်ဖျားရောက်ဆိုသလို Dom နဲ့ Kay တို့ကိုယ့်အားကိုယ်ကိုးလျက် အမှုလိုက်ရတော့မှာပဲဖြစ်ပါတယ်…ဒီဇာတ်ကားလေးဟာဆိုရင် အမှုလိုက်ကျမယ့်အသွင်ယူရဲနှစ်ယောက်ရဲ့အတွဲညီညီကမောက်ကမဖြစ်ကြပုံတို့ကို ကလိထိုးရယ်ရမှာမဟုတ်ဘဲပြုံးရွှင်စွာနဲ့ တစိမ့်စိမ့်ရယ်ရမယ့် ဟာသကားလေးဖြစ်တာကြောင့်ရုပ်ရှင်ချစ်သူပရိသတ်များ မြည်းစမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…

Log in to post a comment.
No comments yet. Be the first to comment!