Takemichi Hanagakiဟာ ရှုံးနိမ့်မှုတွေများစွာနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်းနေရသလိုဘဝရဲ့လက်စွဲဆောင်ပုဒ်ဟာလည်း “တောင်းပန်ပါတယ်” လို့ဆိုရတဲ့အထိလူတကာကို အောက်ကျို့၊ ပြဿနာပေါင်းစုံကို ဖြတ်သန်းနေရသူပါ၊ဘာဆိုဘာမှ အဆင်မပြေခဲ့တဲ့သူ့ဘဝမှာ ရှားရှားပါးပါး ချစ်သူလေးတစ်ယောက်တော့ ရှိခဲ့ဖူးပါတယ်၊သူမက Hinata Tachibanaပါ၊ချစ်ခဲ့ဖူးသူ Hinataတစ်ယောက်ဟာလည်း မောင်ဖြစ်သူ Naota Tachibanaနဲ့အတူTokyo Manjiဂိုဏ်းနဲ့ တခြား Yazukaဂိုဏ်း တစ်ခုရဲ့ပဋိပက္ခကြား ပဲလှော်ကြားဆားညပ်ရင်း သေဆုံးသွားပါတယ်ဘဝကလည်း အဆင်မပြေ၊ ချစ်ဖူးသူကပါ လောကမှာမရှိတော့တဲ့ Takemichiအနေနဲ့စိတ်ဓါတ်ကျစွာ မြေအောက်ရထားဘူတာမှာ သွားခိုနေရင်းရုတ်တရက် ရထားဆိုက်ခါနီးကမှ ရထားပြေးလမ်းပေါ် တွန်းချခံလိုက်ရပါတယ်၊ရထားတိုက်လုဆဲဖြစ်တဲ့အချိန်မှာပဲ ပဟေဠိဆန်စွာ လွန်ခဲ့သော၁၂နှစ်အထက်တန်းကျောင်းသား ဆိုးပေလူမိုက်လုပ်ခဲ့ဖူးတဲ့ အချိန်ကာလကို ပြန်ရောက်သွားခဲ့ပါတယ်၊သူ့ကိုယ်သူ time travel လုပ်ခဲ့မိမှန်း သိသွားတဲ့ Takemichiတစ်ယောက်အထက်တန်းကျောင်းသားဇိုးဘဝနဲ့ ပစ္စုပ္ပန်အချိန်မှာ အင်အားကြီးဂိုဏ်းဖြစ်နေတဲ့၊သူ့အချစ်ဦး ကို သေဆုံးစေခဲ့တဲ့ Tokyo Manji Gangခေါ် Tomen ဂိုဏ်းရဲ့မူလအစကနေ သွားရောက်ရင်ဆိုင်ရင်း ဂိုဏ်းဂဏအရှုပ်တော်ပုံကြားဘယ်လိုပါဝင်ပတ်သတ်မိသွားမလဲ၊ချစ်ရတဲ့သူ Hinataကိုရော သူရောက်ရှိနေတဲ့ အတိတ်ကာလကနေကံကြမ္မာကို ဘယ်လိုဖန်တီးပြောင်းလဲရင်း ကယ်တင်ဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမှာပါ

Log in to post a comment.
No comments yet. Be the first to comment!