ရယ်ဂျင်ဝူး ( Lee DongWook) ဟာ ဆန်းဂုတက္ကသိုလ်ဆေးရုံ အရေးပေါ်ဌာနရဲ့ ဆရာဝန်ဖြစ်ပြီးနွေးထွေးကြင်နာသူတစ်ယောက်ဖြစ်သလို ဆေးရုံအုပ် အီဘိုဟွန်းကို ရိုသေလေးစားသူလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ ရယ်ဂျင်ဝူးဟာ ညီဖြစ်သူဆီမှ ဆေးရုံအုပ်ရဲ့ အကျင့်ပျက်ချစားမှုတစ်ခုကို သိလိုက်ရပြီးနောက်တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာတင် ဆေးရုံအုပ်ကြီးဟာ ရုတ်တရက်နှလုံးဖောက်ပြီး ဆုံးပါးသွားခဲ့ပါတော့တယ်။ဂူဆွန်းဟျို (Cho Seung Woo) ကတော့ ဆန်းဂုတက္ကသိုလ်ဆေးရုံရဲ့ သူဌေးဖြစ်ပြီး သွေးအေးကာရည်မှန်းချက်ကြီးမားသူတစ်ဦးပါ။သူဟာ ဆေးရုံကနေအကျိုးအမြတ်ရဖိုကိုပဲ ရည်မှန်းချက်ထားပြီး ဆေးရုံရဲ့ ဝင်ငွေကိုဖြုန်းတီးနေတယ်လိုယူဆရတဲ့ အရေးပေါ်ဌာနအပါအဝငိ အခြားဌာန၃ခုကို ဖယ်ထုတ်ပစ်ဖိုကြိုးစားရာကနေ ရယ်ဂျင်ဝူးနဲ့ထိပ်တိုက်တွေ့ဖိုဖြစ်လာပါတော့တယ်။ဆေးရုံအုပ်ကြီးရဲ့ သေဆုံးမှုကတော့ တကယ်ပဲ နှလုံးဖောက်လိုသေဆုံးရတာဟုတ်ပါ့မလား..စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆရာဝန်တွေရဲ့ အားပြိုင်မှုကရော ဘယ်လိုအဆုံးသတ်သွားမလဲ..စတာတွေကို ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

Log in to post a comment.
No comments yet. Be the first to comment!