ဒီတစ်ခေါက်ပရိသတ်ကြီးအတွက် Netflix ကနေအသစ်စက်စက်ထွက်ရှိလာတဲ့ The Whirlwind နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းတွဲလေးက သည်းထိတ်ရင်ဖိုနိုင်ငံရေးဒရာနာအမျိုးအစားလေးပဲဖြစ်လို့နိုင်ငံရေးလောက အလှည့်အပြောင်းတွေရှုပ်ထွေးမှုတွေကို သုတ၇သအပြည့်နဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေအားလုံးက ဝါရင့်သရုပ်ဆောင်ကြီးတွေပဲဖြစ်လို့ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုအောင် ပြီးပြည့်စုံနေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးရဲ့ နာမည်အတိုင်း ဒီကားလေးမှာ နိုင်ငံရေးလောကရဲ့ လျှပ်တစ်ပြက်လေပွေလေဝဲတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။Park Dong-Ho ဆိုတဲ့တောင်ကိုရီးယားဝန်ကြီးချုပ်ဆိုတာ နိုင်ငံရေးခံယူချက်ပြင်းထန်တဲ့သူတစ်ယောက်ပါသူက အင်းအားကြီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး တိုင်းပြည်ကို လက်ဝါးကြီးအုပ်ထားတဲ့ သမ္မတကိုဖြုတ်ချပြီး နိုင်ငံရေးလောကကို ပြောင်းလဲဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့တစ်နေ့မှာ သမ္မတကိုလုပ်ကြံပြီး အာဏာသိမ်းဖို့စီစဥ်တဲ့အချိန် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဒုဝန်ကြီးချုပ် Jung Soo- Jin နဲ့ထိပ်တိုက်ရင်ဆိုင်လာရပါတော့တယ်။

Log in to post a comment.
No comments yet. Be the first to comment!