ချမ်းသာတဲ့မိသားစုနောက်ခံနဲ့၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး Eun Dan Oh ဟာကိုယ်တွေဘက်ကကြည့်ရင်တော့ Extraordinary You ရဲ့ အဓိကဇာတ်လိုက်ပါ။ ဒါပေမဲ့ Webtoon ဆရာ ရေးဆွဲထားတဲ့ကမ္ဘာမှာရှိတဲ့ Eun Dan Oh ကတော့ နှလုံးရောဂါသည် ဇာတ်ပို့မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ လက်တွေ့နဲ့ Webtoon ဆရာရေးဆွဲထားတဲ့ ဇာတ်ကွက်တွေကြား အချိန်အပိုင်းအခြားကို သတိပြုမိခဲ့တဲ့ Eun Dan Oh ဟာသူ့ရဲ့တကယ့်ဘဝက ဇာတ်ခုံပေါ်မှာရှိနေတာကိုသိရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်နေမဲ့ လက်တွေ့ကမ္ဘာကြီးမှာ လွတ်လွတ်လပ်လပ်ပဲ ရှင်သန်ဖို့ကြိုးစားပါတော့တယ်။ ရှုပ်ထွေးတဲ့ Webtoon ဇာတ်ကွက်တွေနဲ့သူ့ရဲ့လက်တွေ့ဘဝကြားထဲသေချာပေါက် မင်းသားလေးနှစ်လက်ကပါ ရောယှက်ပါဝင်နေဦးမှာပါ။ July found by Chance ဆိုတဲ့ Webtoon ရဲ့ Live Action လည်းဖြစ်သလို တခြား School Drama တွေနဲ့ ကွဲထွက်နေတဲ့အတွက် အတော်လေးအောင်မြင်ခဲ့တဲ့ကားကောင်းတစ်ကားလို့လည်းဆိုလို့ရပါတယ်။

Log in to post a comment.
No comments yet. Be the first to comment!