ဂျပန်ကာတွန်းတွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာကနေအခုထိ ပရိသတ်တွေတိုးပွားနေဆဲပါ။ဂျပန်ကာတွန်းတွေထဲမှာ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအကောင်းဆုံးတွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့နေရာမှာလည်း one pieceက အကောင်းဆုံးလို့ပြောရင်မှားမယ်မထင်ပါဘူး။ ပြီးတော့ ဒီစီးရီးဘယ်လောက်တောင်ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁ထောင်ကျော်နေပြီဆိုပေမဲ့ one piece fanတွေဟာ ဇာတ်လမ်းပြီးမှာတောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်နေတာပါ။ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ချမ်းသာမှု၊ ကျော်ကြားမှု၊ သြဇာရှိမှုတွေကို ပိုင်ဆိုင်တဲ့ ပင်လယ်ဓါးပြဘုရင်ကြီးကို ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူတွေထဲကနေ ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကိုမေးခွန်းတစ်ခုလှမ်းမေးခဲ့ပါတယ်။“ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာတွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာရောတကယ်ရှိလား”“သိပ်ရှိတာပေါ့။ ညိုကီရာငါပိုင်ဆိုင်တဲ့ရတနာတွေကိုအဲ့ဒီနေရာမှာထားခဲ့ခဲ့….ဗျစ်”ဆိုပြီးပြောနေတုန်းမှာ ရေတပ်ကကွပ်မျက်ခဲ့တာကြောင့် စကားတောင်မဆုံးခဲ့ရှာပါဘူး။ဒါပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာကြောင့်ပင်လယ်ထဲကိုလူတွေအသီးသီးထွက်ကုန်တာကြောင့် ပင်လယ်ဓါးပြခေတ်ကြီးတခေတ်ထလာခဲ့ပါတော့တယ်။ အဲ့ဒီလူတွေထဲမှာငဖီဆိုတော့ အရှေ့ပင်လယ်ပြာက တောသားလေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်တွေစုဆောင်းရာကနေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်ပေါ်လာပါတော့တယ်…..

Log in to post a comment.
အပိုင်းအကုန်ကြည့်လို့မရဘူးဖြစ်နေတယ်