“Record of Ragnarok”ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ မသိသေးသူများအတွက် ပြောပြရမယ်ဆိုရင်တော့ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေ (ဥပမာ-Thor,Zeus,Shiva, Buddha,etc…)နဲ့ လူသားတွေကြားကတိုက်ပွဲဖြစ်ပါတယ်။ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေဖြစ်တဲ့အတွက် universeတွေကိုတစ်နေရာတည်းအကုန်စုကြည့်နေရသလိုပါပဲ။ အဲ့တစ်ချက်နဲ့တင် ဇာတ်လမ်းကအတော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဘာလို့လူသားတွေနဲ့ တိုက်ပွဲဖြစ်ရသလဲဆိုရင်ဖြင့် အဲ့လိုဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေဟာ နှစ်၁၀၀၀မှာတစ်ခါ သူတို့ဖန်ဆင်းခဲ့တဲ့လူသားမျိုးနွယ်ကို ဆက်ရှင်သန်ခွင့်ပေးရမလား၊ မျိုးဖြုတ်ပစ်ရမလားဆိုပြီး မဲခွဲတဲ့အစည်းအဝေးထိုင်တတ်ကြပါသတဲ့။ အဲ့လိုနဲ့နှစ်(၁၀၀၀)ရောက်တိုင်းတစ်ခါ မဲခွဲလာလိုက်တာ လူသားမျိုးနွယ်သက်တမ်းက အနှစ်(၇)သန်းအရောက်မှာတော့ ကမ္ဘာကြီးဟာ ယိုယွင်းပျက်စီးလာလို့ ဘယ်နတ်ဘုရားမှ လူသားမျိုးနွယ်ကိုဆက်ထားချင်စိတ်မရှိတော့ပါဘူး။ အဲ့မှာတင် မျိုးဖြုတ်ကြမယ်အလုပ် Valkyrie ညီအစ်မ(၁၃)ဖော်ထဲက အကြီးဆုံးအစ်မတော် Brunhild က “Ragnarok”စီးချင်းပွဲကို အဆိုပြုခဲ့ပါတယ်။“Ragnarok”စီးချင်းပွဲဆိုတာက နတ်ဘုရားတစ်ပါးနဲ့ လူသားတစ်ယောက်အသေအကြေစီးချင်းတိုက်တဲ့ပွဲပါ။ “Ragnarok”မှာ (၁၃)ချီပါဝင်မှာဖြစ်ပြီး အရင်ဆုံး(၇)ချီနိုင်တဲ့ဘက်က အနိုင်ရမှာပါ။ နတ်ဘုရား၁၃ပါးနဲ့လူသားမျိုးနွယ်ရဲ့အသန်မာဆုံးလူ(၁၃)ယောက်တို့ စီးချင်းတိုက်ကြရင်းနောက်ဆုံးအဆုံးသတ်ရလဒ်က ဘယ်လိုဖြစ်လိမ့်မလဲ၊ လူသားမျိုးနွယ်ဟာသုတ်သင်ခံရမှာလား၊ ဆက်လက်ရှင်သန်ခွင့်ရရှိမှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

Log in to post a comment.
No comments yet. Be the first to comment!