ငယ်ငယ်လေးကတည်းက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးကသူများနဲ့ ဖြစ်နေလို့ အသည်းကွဲနေတဲ့ ကောင်ဇိုးလေးရယ်၊ သူ ကြိုက်နေတဲ့ ခပ်လန်းလန်း ကောင်မလေးရယ်၊ဉာဏ်ကောင်းပေမဲ့ စွာတေးလန်လွန်းတဲ့ မှန်ကြောင်လေးရယ်၊ သွေးအေးအေးနဲ့ ကန်ဒိုသိုင်းပညာရှင် ဂျပန်ဂျက်မအလန်းစားရယ်၊သူတို့ ကျောင်းက XL ဆိုဒ် ပေါက်စီနဲ့ သူနာပြုဆရာမတစ်ယောက်ရယ်၊ ကျောင်းမှာ အူကြောင်ကြောင်နဲ့ စစ်တပ်ဆိုင်ရာကြမ်းပိုးဖြစ်နေပေမဲ့လည်းလိုအပ်လာရင် ရှယ်ကြမ်းပြတဲ့ ဖက်တီးလေးရယ် အားလုံးက ဇွန်ဘီးကပ်ဘေးဆိုက်လာတဲ့အချိန်သူတို့ အထက်တန်းကျောင်းကနေ ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးပမ်းကြမလဲဆိုတာအက်ရှင်အလန်းတွေ ခပ်မိုက်မိုက်ကောင်မလေးတွေနဲ့ Ecchi ဆန်ဆန်လေး ကြည့်ရမှာပါ။Ecchi ဆိုတဲ့ အမျိုးအစားကို မသိသေးတဲ့လူတွေအတွက် ရှင်းပြရမယ်ဆို သူက ကိမုချိတို့လို တစ်ခါတည်း အိပ်ရာပေါ် ရောက်တာမျိုး မဟုတ်ပဲမလုံတလုံလေးတွေ ရင်သားတင်သားလေးတွေနဲ့ လိင်အသားပေးဆန်ဆန်လေးတွေလည်း ထည့်သွင်းရိုက်ပြတာမျိုးပါ ဇွန်ဘီးတွေ ချရင်း အပျင်းလည်းပြေး ငမ်းရတာပေါ့ဗျာ။ဒီစီးရီးထဲက မင်းသား သေနတ်ပစ်တဲ့အခန်းဆိုလည်း အရမ်းကို နာမည်ကြီးပါတယ် Matrix တို့ Wanted တို့လို Slow-mo အလန်းစားကိုဆော်လေးနှစ်ပွေနဲ့ ပစ်ပြသွားတာပါ Clip အတိုလေးတွေလည်း ထွက်ပါသေးတယ်။နောက်ပြီး အထက်တန်းကျောင်းဆိုလို့ ကျောင်းမှာတင် ပြီးသွားတာမျိုးမဟုတ်ပဲ ဇာတ်အိမ်က ပိုကျယ်လာပြီးလူတွေရဲ့အတ္တတွေ သရုပ်မှန်တွေလည်း ပါပြီး တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းဇာတ်လမ်းကောင်းလေးတွေလည်း ပါဝင်ပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့ ဒီဇာတ်လမ်းရဲ့ ဖန်တီးသူ Daisuke Sato ဟာ ၂၀၁၇ ခုနှစ်တုန်းက နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

Log in to post a comment.
No comments yet. Be the first to comment!