အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ သူတွေအကြောင်းကို အဓိက မီးမောင်းထိုးပြ ထားပြီးတော့ အတွေးပေါင်းများစွာနဲ့ ကိုယ့်ကိုထားခဲ့မယ့် အချစ် Drama ကားလေးပဲဖြစ်ပါတယ်။ယောက်ျားတစ်ယောက် သူတို့လိုချင်တာဘာလဲ မိန်းမ တွေကရော သူတို့ယောက်ျားကို ပါရမီဘယ်လိုဖြည့်ပေးရမလဲ ဆိုတာ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ကရော သူတို့ဖောက်ပြန်တာ သူတို့မိန်းမကို မချစ်တော့လို့လား လိင်ဆန္ဒ မပြည့်ဝလို့လား ဒါမှမဟုတ် ဖောက်ပြန်တာကို ကြွားစရာတစ်ခု အဖြစ်သတ်မှတ်ထားလို့လားမိသားစုတစ်ခု ရဲ့ နွေးထွေးမှု၊ သံယောဇဉ်တွေကို တတိယလူ ကြောင့် အဖျက်ဆီးခံတော့မှာလား ဆိုတဲ့ လားပေါင်းများစွာနဲ့ ဇာတ်လမ်းတစ်လျှောက် ရင်ခုန်စွာ ကြည့်ရမှာဖြစ်ပါတယ်။ရသအနေနဲ့ကတော့ ဖောက်ပြန်တဲ့အခန်းကို 18+ ဆန်ဆန် ရိုက်ထားတဲ့အတွက် သည်းထိတ် ရင်ဖိုနဲ့ ရင်ဘတ်ဖိပြီး ကြည့်ရမှာဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!