ယုန်သမင်ငယ်လေးတစ်ကောင်ဟာ ဘာမှန်းမသိတဲ့အရိပ်မည်းကြီးက မိခင်ကိုသတ်ဖြတ်ခဲ့တာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးတဲ့နောက် သူကြီးပြင်းလာတဲ့အခါ အမေဖြစ်သူအတွက် လက်စားချေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ယုန်သမင်လေးအရွယ်ရောက်လာချိန်မှာတော့သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ တောထဲကသတ္တဝါတွေကိုကူညီပေးလေ့ရှိတာကြောင့် တောတွင်းသတ္တဝါတွေအားကိုးရတဲ့တိရစ္ဆာန်လေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ယုန်သမင်ဟာ မြေပြင်၊ ကောင်းကင်နဲ့ရေထဲကအင်အားကြီးသားရဲတွေဖြစ်တဲ့ ဆင်၊ လင်းယုန်နဲ့မိချောင်းကိုတောင် သူ့ရဲ့ဉာဏ်ပညာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ယုန်သမင်ဟာ သူ့အမေကိုသတ်ခဲ့တဲ့အရိပ်မည်းကိုရှာပုံတော်ထွက်တဲ့ခရီးမှာ အားနည်းတဲ့ယုန်သမင်လေးတစ်ကောင်ဖြစ်သော်ငြားလည်း သူ့ဉာဏ်ရည်ကိုသုံးပြီးအင်အားကြီးတဲ့သားရဲတွေနဲ့ တောတွင်းသတ္တဝါတွေနဲ့အကူအညီကိုရအောင်ယူရင်း ကြောက်စရာကောင်းတဲ့သားရဲကြီးတစ်ကောင်ဖြစ်တဲ့အရိပ်မည်းကိုအနိုင်ပြခဲ့ပုံကိုကြည့်ရှုရမှာဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!