နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ် ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာတဖြည်းဖြည်း မှိန်ပြလာတယ်။ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်တွေရဲ့ သက်သေပါပဲ။သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလိုမရတဲ့ မြစ်တစ်စင်းက ခေါ် ဆောင်သွားခဲ့ပြီ။ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။
Log in to post a comment.
No comments yet. Be the first to comment!