တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမအောင်တဲ့ကောင်လေးတစ်ယောက်ဟာသူ့ကိုယ်သူသက်သေပြဖို့အတွက် ရွာကထွက်ပြေးလာပြီးမြို့ကသူငယ်ချင်းနဲ့အတူအလုပ်လုပ်ဖို့ရောက်လာခဲ့တယ်။ဘိလိယက်ခုံမှာအလုပ်လုပ်ရမယ်ထင်ပေမယ့် တကယ်တမ်းကျတော့သူတို့ရဲ့သူဌေးဟာနောက်ကွယ်မှာတရားမဝင်အလုပ်တွေလုပ်နေတာဖြစ်နေပါတယ်။အဖေကဒါကိုသိပြီး လိုက်တားပြီးရွာကိုပြန်ခေါ်ပေမယ့်ဒါကိုမသိတဲ့ရိုးအတဲ့ကောင်လေးဟာ ရွာကအဖေကိုဆန့်ကျင်ပြီးတော့မြို့မှာပဲလုပ်ဖို့ဂျစ်တိုက်ခဲ့တယ်။ အဲဒီနေ့ညမှာပဲ သူ့အဖေကတရားမဝင်အမဲလိုက်တဲ့သက်သေတွေကိုရသွားတဲ့အတွက် သတ်ခံလိုက်ရပါတယ်။တော်တော်နဲ့အိမ်ပြန်မလာပဲ ရုတ်တရက်ပျောက်နေတဲ့အဖေကိုရှာတဲ့အခါမှ ကောင်လေးဟာအမှန်တရားကိုသိလိုက်ရတဲ့အခါ……
Log in to post a comment.
No comments yet. Be the first to comment!