အခုလက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားမျိုးနွယ်တွေက တော်တော်တိုးတက်လာပြီဆိုပေမဲ့ဟိုးအရင်ခေတ်နှောင်းတွေမှာကျန်ခဲ့တဲ့ လူမျိုးနွယ်စုတွေလည်း ကမ္ဘာ့နေရာအနှံ့မှာ ဟိုတစ်ကွက် ဒီတစ်ကွက်အများအပြားတည်ရှိနေပါသေးတယ်။အဲ့ဒီလူမျိုးနွယ်စုတွေထဲကမှ သူတို့ယဉ်ကျေးမှုနဲ့သူတို့အေးအေးဆေးဆေးသာသာယာယာ နေထိုင်နေတဲ့လူမျိုးစုတွေရှိသလို တစ်ခါတစ်လေကြားရတတ်တဲ့လူသားစားမျိုးနွယ်စုတွေလည်း ပွင့်ပွင့်လင်းလင်းသာထုတ်ဖော်မပြောပြပေမဲ့ တကယ်ရှိနေပါသေးတယ်။ဒီလိုမျိုးနွယ်စုတွေနဲ့ပတ်သတ်ပြီး ကြောက်စရာကောင်းတဲ့မျက်လုံးနဲ့စေ့စေ့တောင်မကြည့်ရဲအောင်ဖြစ်ခဲ့တဲ့ဇာတ်ကားတွေလည်းအများကြီးထွက်ရှိခဲ့ပြီး အခုအချိန်မှာလည်း အသစ်ထွက်ရှိလာတဲ့ ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့River Of Blood ဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိရရှိထားတဲ့အတွက် မဆိုးလှတဲ့အခြေအနေမှာရှိပြီးအပျင်းပြေကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ တောထဲတောင်ထဲကို အပန်းဖြေခရီးထွက်လာတဲ့ စုံတွဲနှစ်တွဲကိုမြင်တွေ့ရမှာဖြစ်ပြီး ဂျက်စမင်နဲ့ရစ်ချီတို့ကတစ်တွဲ အေဂျေနဲ့မာယာတို့ကတစ်တွဲဖြစ်ပါတယ်။အေဂျေနဲ့ရစ်ချီတို့က ငယ်ငယ်ကတည်းက ခင်မင်လာကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အခုအချိန်အထိလည်းခင်မင်နေဆဲ သူငယ်ချင်း ၂ ယောက်ဖြစ်ပါတယ်။သူတို့က ကနူးလှေလှော်ပြီး မြစ်ကြောင်းအတိုင်းခရီးထွက်ဖို့စီစဉ်ထားခဲ့ကြပြီး နစ်ခ်ဆိုတဲ့လမ်းပြတစ်ယောက်ကဦးဆောင်လိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမယ့်တစ်ချက်သတိထားရမှာကအဲ့ဒီမြစ်နဲ့ကပ်လျက်တောအုပ်ထဲမှာ လူသားစားလူရိုင်းတွေရှိနေပြီး သူတို့ရှိတဲ့နေရာကိုသွားပြီးမကျူးကျော်မိဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့စစချင်းမှာတော့ ပျော်ပျော်ပါးပါးခရီးသွားခဲ့ကြပြီး ငြိမ်းချမ်းတဲ့သဘာ၀အလှတရားတွေကိုခံစားရာကနေလူသားစားလူရိုင်းတွေနဲ့ ဘယ်လိုပတ်သတ်မိကုန်ကြမလဲဆိုတာကို ရှုစားရဦးမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!