လက်ရှိ AI တွေဖွံ့ဖြိုးတိုးတက်လာတဲ့ကာလမှာ ပါးစပ်နဲ့လှမ်းပြောပြီး အမေးအဖြေလုပ်လို့ရတဲ့ AI တွေလည်းရှိနေပါပြီ။ဒီလိုမျိုးစကားအပြန်အလှန်ပြောလို့ရတဲ့အခါမှာတော့ ကိုယ့်ရဲ့အဖော်တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အားကိုးအားထားပြုစရာရလာပြီး ဒီ AI ကိုအသုံးချတတ်ရင် အသုံးချတတ်သလောက် ကိုယ့်အတွက်ကောင်းကျိုးရှိနိုင်ပါတယ်။ဒါပေမယ့် AI လို့ပြောလိုက်တာနဲ့ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေရှိလာမှာကို ကြောက်နေကြတဲ့လူတွေလည်းရှိကြပါတယ်။အဲ့ဒါကြောင့် ဒီဇာတ်ကားထဲမှာလည်း ဆလေနက်စ်ဆိုတဲ့ AIတစ်ခုကို တီထွင်ဖန်တီးခဲ့တဲ့လူနဲ့ သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘ၀အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Renner ဖြစ်ပြီး လက်ရှိIMDb Rating 5.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ရန်နာဆိုတဲ့လူက အထက်မှာပြောခဲ့တဲ့ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကိုတီထွင်ဖန်တီးခဲ့တဲ့ ကွန်ပြူတာဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။သူက အဲ့ဒီ AI ကိုသူ့ဘ၀တိုးတက်ဖို့ ဘ၀နည်းပြအနေနဲ့အသုံးချပြီး သူ့ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ တစ်နေ့ထက်တစ်နေ့တိုးတက်လာအောင်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့ဘ၀မှာလိုအပ်နေတဲ့ ဘ၀င်မကျတဲ့အရာတစ်ခုကတော့ရှိနေပါသေးတယ်။အဲ့ဒါဘာလဲဆိုတော့ ကွန်ပြူတာသမားတွေရဲ့ထုံးစံအတိုင်း ကောင်မလေးတွေနဲ့ကင်းကွာတဲ့အတွက်သူသဘောကျနေတဲ့သူ့အိမ်နီးချင်းဂျေမီကို လိုက်ဖို့အတွက်ခက်ခဲနေတဲ့အတွက်AI ကိုအကူအညီတောင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ AI ကောင်းကျိုးနဲ့တစ်ခါမှစန်းမပွင့်သေးဖူးတဲ့ ရန်နာကြီး စန်းထပွင့်ပြီး ဂျေမီနဲ့ အဆင်ပြေလာခဲ့ပေမဲ့ ဂျေမီရဲ့မရိုးသားတဲ့အကြံတွေကို ဆလေနက်စ်ကရိပ်မိလာတဲ့အခါမှာတော့ AI နဲ့လူသားကြားမှာ ဘယ်လိုအားပြိုင်မယ်ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!