ဇာတ်ကားအဖွင့်မှာပဲ ပထမဆုံး သားကောင်ဖြစ်တဲ့ကောင်မလေး ကန္တာရထဲပြေးလွှားရင်း လဲကျနေချိန်ရေဘူးပေး ကျည်တစ်တောင့်နဲ့ သေနတ် ပစ်ချပေးပြီးကားနဲ့တိုက်သတ်တဲ့ အခန်းနဲ့ စတင်ထားပါတယ်။ရိုဘတ်တာ (ဘော်ဘီ) လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်စတိုးဆိုင်တစ်ခုမှာ အလစ်သုတ်တဲ့ အမှုနဲ့ အချုပ်ကျရာကနေ လွတ်လာပြီးတော့ သူ့ရဲ့ ရည်းစားဆီကိုပြန်ဖို့ ကန္တာရကို ဖြတ်မောင်း လာခဲ့ပါတယ်။လမ်းမှာ သူ့အစ်မနဲ့ ဖုန်းပြောရင်း ကားမောင်းနေတဲ့ ရိုဘတ်တာတစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း သူ့ကို အတင်းအရောဝင် အအေးဘူးတိုက်တဲ့ ကောင်တီရဲ(ရှဲရစ်)ဘီစတိန်းနဲ့ စပြီးတွေ့ဆုံမိကြပါတယ်။ သူစိမ်းတွေကိုသိပ်မယုံတတ်တဲ့သူ ဖြစ်တော့ ခပ်တန်းတန်းပဲ ဆက်ဆံပြီးကားဆက်မောင်းထွက်လာတဲ့ ဘော်ဘီတစ်ယောက်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကိုရှောင်တခင် ဖမ်းတဲ့နေရာမှာ မိပြီး အနောက်ကနေရဲကား လိုက်လာပါတော့တယ်။အဲဒီရဲက တခြားသူတော့ မဟုတ်ပါဘူး သူနဲ့ ဆီဆိုင်မှာဆုံခဲ့တဲ့ ကောင်တီရဲ ဘီစတိန်းပါပဲ။ အရှိန်လွန် မောင်းတဲ့အတွက်ရော လမ်းမှာ ဘော်ဘီပစ်ချလိုက်တဲ့ တစ်ခုခုကြောင့်သူ့ရဲကားက မီးလုံးပြာ ကွဲသွားတယ်ဆိုပြီး ဒဏ်ငွေတောင်းခံငွေညှစ်ပါတော့တယ်။ မြို့ပြင်ဘက် နယ်စွန်က ပြည်သူတွေဥပဒေကို မလိုက်နာဘဲ ပြစ်မှုလုပ်မိရင် ဖမ်းဆီးထိန်းသိမ်းဒဏ်ငွေတပ်ဖို့ ကောင်တီရဲခန့်ထားတယ်ဆိုပေမယ့်ဥပဒေဘက်တော်သား ဆိုသူတွေက ဥပဒေကို ခုတုံးလုပ်ပြီး စိတ်ထင်ရာလုပ် ရက်စက်မှုတွေ ကျူးလွန်တဲ့အခါမှာ ဘယ်သူတွေက သူတို့ကို တားဆီးမှာလဲဆိုတာကိုဥပမာပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်..လူတွေကို အပျော်တမ်း အမဲလိုက်သလို သားကောင်အဖြစ်သဘောထားတဲ့ ကောင်တီရဲ ဘီစတိန်း လက်ထဲကနေဘော်ဘီတစ်ယောက် ဘယ်လို ထွက်ပြေးမလဲ လွတ်အောင်ရောပြေးနိုင်ပါ့မလား ဆိုတာကိုတော့…
Log in to post a comment.
No comments yet. Be the first to comment!