အနာဂတ်ကာလ ကမ္ဘာပေါ်မှာ နေလို့ အခြေအနေမကောင်းတော့တဲ့အချိန်၊ ဂြိုလ်တွေကို နယ်ချဲ့ခရီးတွေ ထွက်ကြတဲ့အချိန်ပါ။အဲဒီအချိန်မှာ လူသားကို ကလုန်းပွားတဲ့ နည်းပညာလည်း ပေါ်နေပြီဖြစ်ပြီး ကျင့်ဝတ်နဲ့မညီလို့ ကမ္ဘာပေါ်မှာ ပိတ်ပင်ထားပါတယ်။ဒါပေမဲ့ ဂြိုလ်အသစ်တွေမှာ ရှာဖွေရေးထွက်တဲ့ အချိန်မှာတော့ အန္တရာယ်များလွန်းလို့ အဲဒီနည်းပညာကိုသုံးပြီး လူတစ်ယောက်တည်းကို အန္တရာယ်တွင်းထဲပို့လိုက်၊ ရှောသွားရင် ပြန်ပရင့်ထုတ်လိုက်နဲ့ လုပ်ပါတော့တယ်။အဲဒီလူကတော့ မစ်ကီပါပဲ။ ဒါပေမဲ့ အဲဒီနည်းပညာရဲ့ အတင်းကြပ်ဆုံးဥပဒေကတော့ ဘယ်တော့မှ လူတစ်ယောက်ကို နှစ်ယောက်ပြိုင်တူ ပရင့်မထုတ်မိဖို့ပါပဲ။ဒါပေမဲ့ ထုံးစံအတိုင်း တလွဲတွေဖြစ်ကုန်ပြီး မစ်ကီ ၂ ယောက်ဖြစ်လာပါတော့တယ်။အဲဒီမှာ ဘယ်မစ်ကီ အသေခံရမလဲ ဆုံးဖြတ်ရခက်လာသလို နှစ်ယောက်လုံးကလည်း အသက်ရှင်ဖို့ကြိုးစားလာတဲ့အခါ ပြဿနာမျိုးစုံတက်ပါတော့တယ်။တချိန်တည်းမှာပဲ ဂြိုလ်အသစ်ရဲ့ နယ်ခံ ဂြိုလ်သားတွေနဲ့လူတွေကလည်း စစ်ဖြစ်တော့မဲ့အခြေအနေကို ရောက်လာတဲ့အခါ..သူတို့ရောက်နေတဲ့ဂြိုလ်ကို နစ်ဖယ်ဟိုင်းလို့ နာမည်ပေးထားတာဟာ နော်ဝေးဒဏ္ဍာရီလာ အရပါ။သူရဲကောင်းပီသစွာ မကျဆုံးခဲ့တဲ့လူတွေအတွက် တမလွန်မှာရှိတဲ့ အမြဲအေးခဲနေတဲ့ လောကကို အစွဲပြုထားတာပါ။အဲဒီ ကိုလိုနီခေါင်းဆောင်အမတ်ကြီးဟာလည်း ဒေါ်နယ်ထရမ့်ကို သရော်ထားတယ်လို့ ယူဆလောက်စရာ အချက်တွေနဲ့ ရိုက်ကူးခဲ့တာပါ။
Log in to post a comment.
No comments yet. Be the first to comment!