မိစ္ဆာတိုင်းက ဆိုးတာလား… သူတော်စင်ဂိုဏ်းဆိုတိုင်း ကောင်းကြတာလား…ဒီဇာတ်ကားလေးထဲမှာ သူတော်စင်ဂိုဏ်းက တပည့်အသစ်အားလုံးရဲ့ဆရာတူအစ်ကိုကြီး မိစ္ဆာဖမ်းသူအဖြစ် ကျင့်ကြံအားထုတ်နေပြီးဆရာအားလုံးက အလေးထားရတဲ့သူက တကယ်တော့ မိစ္ဆာတစ်ဝက် လူတစ်ဝက်တဲ့…ဒါကြောင့်လည်း သူတော်စင်ဂိုဏ်းက ဝရမ်းထုတ်တဲ့အထိ ဖြစ်ခဲ့တာပေါ့…ဒါကြောင့်လည်း ပျော်ရွှင်ခြင်းမြို့ကို ရောက်လာပြီးသူလူအပြည့်အဝဖြစ်စေမယ့် နည်းလမ်းကို ရှာတာပေါ့…သူ့ကိုကာကွယ်ပေးခဲ့တာက မိစ္ဆာမလေး… ဒီမိစ္ဆာမလေးက အကြိမ်ကြိမ်ကယ်တာကိုလက်ခံခဲ့ရတာတောင် သူက ဒီကောင်မလေးရဲ့ အမြုတေနဲ့လူအပြည့်အဝပြန်ဖြစ်ဖို့ကို ကြိုးစားချင်နေခဲ့တာ…ဒီတော့ ဆရာတူအစ်ကိုကြီးက လူအပြည့်အဝပြန်ဖြစ်မှာလား…နောက်တော့ သူ့ကိုကယ်တဲ့ မိစ္ဆာလေးကရော ဘယ်သူလဲ…သူကရော ဘာကြောင့်ကယ်တင်နေတာလဲ…ဘယ်လိုပုံစံကွဲတဲ့ အနောက်ခရီးသွားဇာတ်လမ်းမျိုးလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်…
Log in to post a comment.
No comments yet. Be the first to comment!