အလုပ်မှာအမြဲအနိုင်ကျင့်ခံရတဲ့လူကောင်းကြီးတစ်ယောက်ဟာ တစ်ရက်မှာသည်းမခံနိုင်တော့ပဲလူမိုက်တစ်ယောက်ကိုအကူအညီတောင်းမိရာကနေ လူမိုက်ဖြစ်သွားတဲ့လူမိုက်ကြီးတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ခွေးတွေရောင်းတဲ့စျေးတစ်ခုမှာ အားလုံးကအစ်ကိုခွေးဆိုတဲ့လူမိုက်ကြီးကိုကြောက်ရွံ့ရိုသေရတယ်။ တစ်နေ့မှာတော့လက်ရဲဇတ်ရဲလူငယ်လေးတစ်ယောက်ဟာခွေးစျေးကိုရောက်လာခဲ့ပြီးတော့ အဲဒီကောင်လေးကလက်သံပြောင်တဲ့အတွက်အစ်ကိုခွေးရဲ့တပည့်ဖြစ်လာခဲ့တယ်။ တကယ်တော့ အဲဒီကောင်လေးကမူးယစ်ဆေးရောင်းဝယ်မှုအတွက် သူလျှိုလုပ်နေတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။တကယ်တမ်းပေါင်းသင်းကြည့်တော့ အစ်ကိုခွေးက စိတ်ထားကောင်းတဲ့လူကြီးတစ်ယောက်ဖြစ်နေတယ်ဆိုတာသိလိုက်ရပြီးတော့ သူတို့၂ယောက်ဟာသံယောဇဉ်တွေဖြစ်လာခဲ့ကြတယ်။ ကောင်လေးကသဘောကောင်းတဲ့အစ်ကိုခွေးကိုဒီမူးယစ်ဆေးအရှုပ်အထွေးတွေကြားမပတ်သက်စေချင်ပေမယ့်သူ့ကိုသံယောဇဉ်ရှိတဲ့ အစ်ကိုခွေးဟာသူ့ကိုပစ်မထားနိုင်ပဲလိုက်စောင့်ရှောက်တဲ့အခါကောင်လေးရဲ့စစ်ဆင်ရေးဟာဘယ်လိုတွေဖြစ်လာမလဲ……တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရင်း သူသံယောဇဉ်ရှိတဲ့အစ်ကိုခွေးကိုပါပြန်ကာကွယ်ပေးနိုင်ပါ့မလား.. အကျဉ်းထဲအကြပ်ထဲမှာ ရဲကောင်လေးဟာဘယ်လိုများလုပ်ရမလဲ……
Log in to post a comment.
No comments yet. Be the first to comment!