တရုတ်ဂျပန်စစ်ပွဲကြောင့် မြို့ပျက်ဖြစ်ခဲ့ရတဲ့နန်ကျင့်မှာပွင့်ခဲ့တဲ့သိပ်ကိုရဲရင့်တဲ့ပန်းလေး ၁၃ ပွင့်အကြောင်းပါ…ပြည့်တန်ဆာဆိုတဲ့ စကားလုံးဟာ ကြားလိုက်တာနဲ့ ဘယ်သူမှအထင်မကြီးတဲ့လူ့အဖွဲ့အစည်းရဲ့ အမှိုက်သရိုက်သာသာသတ်မှတ်ပြီး ဝိုင်းရှုံ့ချ စက်ဆုပ်ကြတဲ့ သွေးသားဈေးသည်တွေပေါ့…ဒါပေမဲ့ သူတို့တွေကလည်း လူတွေပဲဆိုတဲ့အချက် သူတို့မှာလည်းနှလုံးသားရှိတယ်ဆိုတာ၊ သူတို့ဒီဘဝကို ဘယ်လိုရောက်လာရလဲဆိုတာကိုတော့ဘယ်သူမှသိချင်စိတ်မဖြစ်သလို နားလည်ပေးဖို့ တန်းတူဆက်ဆံပေးဖို့ဆိုတာ အခုလိုပွင့်လင်းမြင်သာတဲ့ခေတ်မှာတောင် မဖြစ်နိုင်သေးတဲ့အရာတစ်ခုပါပဲ…ဇာတ်ကားလေးရဲ့အစမှာတော့ စစ်ဒဏ်နဲ့ မြို့ပျက်သာသာဖြစ်နေတဲ့နန်ကျင့်မြို့ကို အလောင်းပြင်ဆရာဂျွန်တစ်ယောက်ခရစ်ယာန်ဘုရားကျောင်းကဖာသာတစ်ယောက်ကို သင်္ဂြိုဟ်ပေးဖို့ ရောက်ချလာပါတယ်… ဒီလောက်ကျည်မိုးရွာနေတဲ့ကြားကဂျွန်တစ်ယောက် အရဲစွန့်ပြီးလာရတာကတော့ ဘုရားကျောင်းကအလှူငွေကိုဘတ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပါ…တစ်ချိန်တည်းမှာပဲချင်းဟွိုင်မြစ်ဆိုတဲ့ ဆောင်ကြာမြိုင်က အပျော်မယ်တစ်စုကလည်း ဘုရားကျောင်းကထမင်းချက်ရဲ့စနက်နဲ့ဒီဘုရားကျောင်းကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ…ခရစ်ယာန်ဘုရားကျောင်းက ကွန်ဗင့်ကျောင်းသူတွေနဲ့အပျော်မယ် ပြည့်တန်ဆာဆိုတာ မိုးနဲ့မြေ ဆီနဲ့ရေလို နေထိုင်ပုံ တွေးခေါ်ပုံ အစစအရာရာကွာခြားတာမလို့ ဘုနဲ့ဘောက်ဖြစ်ကြရပေမဲ့တကယ်တမ်းအရေးကြုံလာချိန်မှာ အကြံသမားဂျွန်နဲ့ ဒီပြည့်တန်ဆာတွေနဲ့ ကွန်ဗင့်ကျောင်းသူတစ်သိုက်ဂျပန်တွေလက်ကနေ ဘယ်လိုလွတ်အောင်ပြေးကြမလဲဆိုတာ ရှုစားကြရအောင်ပါ…
Log in to post a comment.
No comments yet. Be the first to comment!