ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာတရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကိုကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီးလူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲအတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…
Log in to post a comment.
No comments yet. Be the first to comment!