ဇီဟာ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်။ ဒါပေမဲ့ သေသင့်တဲ့သူကိုပဲ သတ်ပြီး အပြစ်မရှိတဲ့သူတွေကို လုံးဝမထိရဘူးဆိုတဲ့စည်းကမ်းနဲ့အလုပ်လုပ်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူဝင်ပြီးလုပ်ကြံတဲ့ လူဆိုးဂိုဏ်းတွေနဲ့ တိုက်ပွဲမှာ အဆိုတော်ဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ကြားညပ်ပြီး မျက်စိထိခိုက်သွားပါတယ်။ သူ့ရဲ့အလုပ်ရှင်က အဲဒီကောင်မလေးကို လိုက်ရှင်းဖို့ ဖိအားပေးပေမဲ့ သူက မရှင်းတဲ့အပြင် အခြားကြေးစားတွေလက်ကပါ ကယ်ထုတ်သွားပါတယ်။ အဲဒီကောင်မလေးကလည်း လူဆိုးဂိုဏ်းတွေအတွက် အရေးပါတဲ့ သက်သေဖြစ်နေပြန်တယ်။ တချိန်တည်းမှာပဲ လူဆိုးဂိုဏ်းတွေ ဘယ်လိုမှ လာဘ်ထိုးလို့မရတဲ့ ခေါင်းမာတဲ့ရဲက ဒီအမှုနဲ့ ဘိန်းဖြူမှုတွေကို ဆက်စပ်မိပြီး နောက်ကလိုက်လာနေပါတယ်။ ရဲတွေရယ် ဂိုဏ်းတွေရယ် ဇီ ရယ် သုံးပွင့်ဆိုင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ခေတ်ဟောင်း အက်ရှင်ဇာတ်လမ်းအတိုင်းပဲ ပြသသွားပါတယ်။ ကြည့်လိုက်ကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!