ဒေါက်တာ တက်ဒ်ဟာ စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ညဘက်တွေ တာဝန်ကျနေတဲ့သူပါ။ တစ်ညမှာတော့သူ့ရဲ့ ဇနီးကို သူ့လူနာတစ်ယောက်က ညဘက်ကြီးမှာ သတ်သွားပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ နောက်အမျိုးသမီးနဲ့ အဲဒီအိမ်မှာနေနေပါတယ်။ တစ်နေ့မှာတော့ သူ့ဇနီးရဲ့ အမွှာညီမ မျက်မမြင်အကြားအမြင် ရောက်လာပြီး သူ့ဇနီးကိုသတ်တာ သူ့လူနာမဟုတ်ဘူးဆိုပြီး ထုတ်ပြောလာပါတယ်။အဲဒီကနေ တဖြည်းဖြည်းအမှန်တရားပေါ်လာပြီး ကြောက်စရာကိစ္စတွေ ဖြစ်လာပါတော့တယ်။ဇာတ်လမ်းက အစပိုင်းမှာ နည်းနည်းလေး ကျောချမ်းစရာလောက်ပဲပြပြီး နောက်ပိုင်းမှာတော့ ဝုန်းခနဲခြောက်တာမျိုးတွေ ပါလာပါတယ်။ကြောက်ချင်တဲ့သူတွေရော ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေရောကြည့်သင့်တဲ့ကားပါပဲ။
Log in to post a comment.
No comments yet. Be the first to comment!