၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ
Log in to post a comment.
No comments yet. Be the first to comment!