ထုံးစံအတိုင်း ပို့ဆောင်ရေးသမားကြီး လူပေါင်းမှားတာပါပဲ။ဒီတစ်ခါ မှားပေါင်းမိတာကတော့ ၁၂ သမီးကတည်းက ပြည့်တန်ဆာအဖြစ်ရောင်းစားခံရပြီး သေမှလွတ်လပ်တော့မယ့် ဘဝရောက်နေတဲ့ မိန်းကလေး ၄ ယောက်က ရုရှားဒုစရိုက်ခေါင်းဆောင်ကြီးကို အပြုတ်ပြန်တွယ်မယ့် အစီအစဉ်မှာပါမိတာပါ။ ဒါကို သူကရှောင်ထွက်ချင်ပေမယ့် သူရဲ့ အဖေ အငြိမ်းစား စပိုင်ကြီးကို ဖမ်းပြီးအကြပ်ကိုင်တဲ့အတွက်ဝင်ပါရပါတော့တယ်။ဒီဇာတ်ကားကို ကြိုက်မိတာကလဲ သူ့ရဲ့ အဖေနေရာက သရုပ်ဆောင်တဲ့ မင်းသားကြီးရဲ့ ပံ့ပိုးမှုကလည်း အတော်ကောင်းနေတာလဲ ပါပါတယ်။ သူတို့ သားအဖ ၂ ယောက်ဟာ ကောင်မလေး ၄ ယောက်တို့နဲ့ ထိပ်သီးလူဆိုးတွေနဲ့ ကြားထဲမှာ ဘာကြောင့်ပါလာပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ……
Log in to post a comment.
No comments yet. Be the first to comment!