စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါစကားပြော မှုခင်းရုပ်ရှင်လေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူဘာနာဟာ ရွာမှာ စားသောက်ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်း နေနေတဲ့သူပါ။ တစ်နေ့မှာတော့ လူသဝာ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဗီဂျေးဆိုတဲ့ တရားခံတစ်ယောက်ဟာ ရဲစခန်းကနေ ထွက်ပြေးလာပြီး ဆူဘာနာရဲ့ဆိုင်ထဲမှာ ပုန်းခိုနေခဲ့ပါတယ်။ဗီဂျေးကို ထောင်ထဲထည့်ပြီးရင် နယ်ပြောင်းခွင့်ရမယ့်ရဲမှူးကလည်း နယ်ပြောင်းချင်စိတ်နဲ့ ဗီဂျေးကို အသည်းအသန်လိုက်ရှာပါတယ်။ အဲဒီအချိန်မှာ လူသဝာ်မှုတစ်ခု ဆက်ဖြစ်ပွားခဲ့တာကြောင့် တရားခံဟာ သူလိုလို ငါလိုလို ယုန်ထင်ကြောင်ထင် ဖြစ်လာပြီး ရဲတွေနဲ့လည်း ဇာတ်လမ်းရှုပ်ကာ ဆူဘာနာရဲ့ အေးချမ်းတဲ့ဘဝလေးမှာ လှုပ်ခတ်မှုတွေဖြစ်လာခဲ့ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!