ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ်ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ “ဒီနေ့ညကိုမကျော်နိုင်ဘူး” လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီးအသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူကသားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါကနားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက်ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်ခဲ့ပါတယ်..မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကိုအကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ်သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ထိုးချမယ့်သူတွေက ရှိနေလေတော့ အမျိုးသမီးတွေကလည်း စွမ်းဆောင်နိုင်တယ်၊ ယောကျ်ားသားတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတာကိုပြသပြီး ထိုက်သင့်တဲ့ အခွင့်အရေး ရဖို့အတွက်…အမျိုးသားကျွမ်းကျင်ရေကူးသမားအနည်းငယ်သာ ဖြတ်ကူးနိုင်ခဲ့ပြီးအတော်များများ အသက်ဆုံးရှုံးရတဲ့ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကူးဖို့ ထရူဒီတစ်ယောက် ဆုံးဖြတ်လိုက်ပါတယ်…အဲဒီလိုဖြတ်ကူးရာမှာရော သူ့ကိုယ်သူ ယုံကြည်ထားသလို ထရူဒီတစ်ယောက် ဖြတ်ကူးနိုင်ခဲ့မလား..ရေခဲရေလို အေးစက်နေတဲ့ ပင်လယ်ရေ၊ ရာသီဥတုအလိုက်ပြောင်းလဲတတ်တဲ့ ရေစီးကြောင်းတွေ၊ လှိုင်းတံပိုးတွေ၊ပင်လယ်ထဲက ရေသတ္တဝါတွေနဲ့ ကြိုတင်တွက်ဆလို့မရတဲ့အန္တရာယ်တွေကြားမှာ ပြင်သစ်ကနေ အင်္ဂလန်အထိ ဖြတ်ကူးရတဲ့အင်္ဂလိပ်ရေလက်ကြားရဲ့ ၂၁ မိုင်ကွာဝေးတဲ့လမ်းခရီးကို ဘယ်လိုရေကူးပြီး ဖြတ်သန်းမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုနိုင်မှာဖြစ်ပါတယ်….ဒီကားလေးကိုကြည့်ပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ၊ လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့လုပ်ဆောင်ရင် အချိန်တန်တဲ့အခါရလဒ်ကောင်းတစ်ခု ရလာနိုင်ပါကြောင်း အားပေးလိုက်ရပါတယ်အားလုံး ဖိုက်တင်းပါ…Nothing is impossible!
Log in to post a comment.
No comments yet. Be the first to comment!