၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင်ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ပတ်သတ်တာပါပဲ။ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကိုဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်းအကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်းစုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ သစ္စာဖောက်ရဲတွေကို ဘယ်လိုပြန်တိုက်ကြမလဲ ကြည့်ရမှာပါ။ထုံးစံအတိုင်း ဟာသတွေနဲ့အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့မို့အားရစရာပါပဲ။ ကြည့်လိုက်ကြပါ။
Log in to post a comment.
No comments yet. Be the first to comment!