လူသားများနဲ့သွေးစုပ်ဖုတ်ကောင်များအကြားတစ်ဦးနဲ့တစ်ဦးရာစုနှစ်ပေါင်းများစွာရှည်လျားစစ်ပွဲများကမ္ဘာဂြိုလ်ရဲ့မျက်နှာပြက်ပျက်စီးမှု့နဲ့အတူ သီအိုကရေစီလို့ခေါ်တဲ့ဘုရားကျောင်း Church မှဦးဆောင်တိုက်ပွဲဝင်လျက်ရှိပါတယ်….သူတို့ဟာလူသားများကိုကာကွယ်စောင့်ရှောက်ဖို့ ဧရာမတံတိုင်းကြီးများကိုကာကွယ်ဆောက်လုပ်ထားခဲ့ကြပါတယ်… ထို့အတူ သွေးစုပ်ဖုတ်ကောင်များကိုနှိမ်နင်းရန်အတွက်လည်း အထက်တန်းလွှာသူရဲကောင်းအဖွဲ့ဖြစ်တဲ့Priest လို့အမည်ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်…ထို Priest ခေါ်ဘုန်းတော်ကြီးများရဲ့တိုက်ခိုက်မှု့များကြောင့် သွေးစုပ်ဖုတ်ကောင်အများစုသေဆုံးခဲ့သောကြောင့်ကာလကြာရှည်စွာဆင်နွှဲနေသောစစ်ပွဲနှင့်အတူ ထိုအစွမ်းထက်သောဘုန်းတော်ကြီး အဖွဲ့ကို Church မှပယ်ဖျက်ခဲ့ပါတယ်…ထိုသို့သူတို့အားလုံး သေဆုံးပျောက်ကွယ်သွားပြီလို့ထင်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်များကြောက်မက်ဖွယ်ရာ ပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာတော့…….
Log in to post a comment.
No comments yet. Be the first to comment!