အသက်၂၉နှစ်အရွယ်ရှိတဲ့ အော်ဒရီဆိုတဲ့သူဟာ ငယ်ငယ်လေးတည်းက အမေရိကမှာမွေးစားဖို့အပို့ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာ ရှေ့နေ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပါတယ်။အမေရိကမှာနေပြီး သူ့လိုပဲတရုတ်လူမျိုးဖြစ်တဲ့ လိုလိုဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။လိုလိုကတော့ sex organ တွေကို ပန်းချီဆွဲပြီးဖော်ပြရတာကို အရမ်းသဘောကျတဲ့သူပါ။လူတွေကို ဖုံးကွယ်ထားသင့်တဲ့ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေချင်တယ်ဆိုတာကသူ့ရဲ့ရည်ရွယ်ချက်ပါ။တစ်ရက်မှာတော့ အော်ဒရီဟာ အလုပ်ကိစ္စနဲ့ သူ့ရဲ့မွေးရပ်မြေလို့သိထားတဲ့တရုတ်ပြည်ကို လိုလိုနဲ့အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ လိုလိုက ခရီးမှာ သူ့ရဲ့တစ်ဝမ်းကွဲညီမဖြစ်တဲ့ဒတ်အိုင်းကို အပါခေါ်လာခဲ့ပါတယ်။တရုတ်ကိုရောက်တော့ အော်ဒရီရဲ့သူငယ်ချင်းဖြစ်တဲ့ တရုတ်ပြည်မှာသရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ကတ်နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့လေးယောက်က အတူနေဖို့ဖြစ်လာကြပါတယ်။ တစ်ယောက်ချင်းစီရဲ့အကျင့်စရိုက်ကကွဲပြားခြားနားကြတာကြောင့် မကြာခဏရန်ဖြစ်ကြရင်းနဲ့ အလွဲတွေလုပ်ကြ၊ ပြန်ပြေလည်ကြနဲ့ ချစ်စရာကောင်းတဲ့သူတို့လေးယောက်ကြားက ဆက်ဆံရေးကိုရိုက်ပြထားတာပါ။တရုတ်ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အများကြီးဖော်ပြထားပြီး လူမျိုးရေးခွဲခြားတတ်တာတွေပါပွင့်ပွင့်လင်းလင်းရိုက်ပြထားတဲ့ Asian-American, comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ပြောရရင်တော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းဇာတ်ကားလေးလည်းကြည့်ချင်တယ်၊ခွီလည်းခွီချင်တယ်၊ ဗဟုသုတလည်းရချင်တယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကိုကြည့်သင့်ပါကြောင်း…
Log in to post a comment.
No comments yet. Be the first to comment!