ချစ်ပက်တ်တွေက ဂီတလောကမှာနေရာရနေပြီဖြစ်သလို ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန် တစ်ယောက်နဲ့ နီးစပ်နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံးကောင်အထီးကျန်နေရတဲ့ ကာလတွေပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်ယောက်ရှိပြီးသူတို့နဲ့စတွေ့ကတည်းက ကမ္ဘာ့ရန်တွေဖြစ်နေခဲ့တာပါ။ အဲဒီလိုနဲ့ ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်ယောက်တည်း မိုင်ယာမီကိုခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ဒေ့ဗ်တစ်ယောက် လက်ထပ်ခွင့်တောင်းတော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစုမဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံးကောင်တို့ ပန်းတိုင်တူ မိတ်ဆွေတွေအနေနဲ့ ဟောလီးဝုဒ်ကနေ မိုင်ယာမီအထိ လိုက်သွားပြီးဒေ့ဗ် လက်ထပ်ခွင့်တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ကြိုးစားပါတော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာဘယ်လိုတလွဲတွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကိုအောင်မြင်စွာ အကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ်ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!