လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားမျိုးနွယ်နဲ့ တောင်ပံလူသားမျိုးနွယ်တို့ စစ်ပွဲတွေဆင်နွှဲခဲ့ကြပါတယ်။ဒီလိုအငြိုးအတေးတွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့ဲတဲ့အတွက်ကြောင့်တောင်ပံလူသားတွေဟာ သူတို့ရဲ့ အသက်ဖြစ်တဲ့ ကြယ်ကြွေပန်းကို ဆုံးရှူံးခဲ့ရပြီး မပျံသန်းနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒါကြောင့် တောင်ပံလူသားတစ်ဦးဖြစ်တဲ့ရွှယ်လျဲ့ဟာနာကြည်းမုန်တီးမှုရန်ငြိုးတွေကြောင့်ငါးမန်းပုလဲကို ရယူပြီး လူသားတွေရဲ့ ကမ္ဘာကို ပျက်စီးအောင် ကြိုးစားပါတော့တယ်။ အဲ့ဒါတွေကို ဓားပြကြီးနီခုံးခုံး၊ မိန်းမလှလေးတောင်ပံမည်းနဲ့ ဘုရင့်သားတော်ဟော့လိတို့စုပေါင်းပြီးတားဆီးရွယ်လျဲ့ကိုတားဆီးဖို့ကြိုးစားကြမှာပါ။ဘယ်လိုတားဆီးကြမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ပရိသတ်တွေရင်သတ်ရှုမောစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချစ်ရသအနေနဲ့ကတော့ဓားပြကြီးနီခုံးခုံးနဲ့ မိန်းမလှလေးတောင်ပံမည်းတို့ရဲ့ မေတ္တာရေးဇာတ်လမ်းကိုလည်းရိုမတ်တစ်ဆန်ဆန်လေးခံစားကြရမှာပါ။သူတို့ရဲ့တိုက်ပွဲကဘယ်လိုတွေတောင်ပြင်းထန်သွားမလဲ ဆိုတဲ့Action တွေ အချစ်ရေးဖြစ်တဲ့ Drama တွေကကောဘယ်လိုတွေရင်ခုန်မျှော်လင့်ကြရမလဲဆိုတာကတော့……
Log in to post a comment.
No comments yet. Be the first to comment!