Bodyguard 2 မှာဆိုရင်တော့ သူဋ္ဌေးကြီးရဲ့ဘော်ဒီဂတ်မဖြစ်ခင် အထူးအေဂျင့်ဖြစ်ခဲ့ဖူးတဲ့ ဝူခုန်းရဲ့ နောက်ကြောင်းကိုတွေ့မြင်ကြရမှာပါ။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုရဲ့ အထူးအေဂျင့်ဖြစ်တဲ့ ခမ်လောင်ဟာ ထိုင်းနိုင်ငံဘက်မှာ တရားခံကိုဖမ်းရင်း အမှားတစ်ခုကိုလုပ်မိသွားပါတယ်။အဲအမှားကိုပြင်ဆင်တဲ့အနေနဲ့ အထူးတာဝန်တစ်ခုကိုထမ်းဆောင်ရမယ်ဆိုတော့ အသံသွင်းကုမ္ပဏီတစ်ခုရဲ့ အဆိုတော်အဖြစ် ဟန်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။တစ်သက်လုံး လက်ကြောမတင်းဘူးလို့ ထင်လာခဲ့တဲ့ ကိုယ့်ယောက်ျား အဆိုတော်ဖြစ်နေတာကို တီဗွီမှာမြင်လိုက်ရတော့ ခမ်လောင်ရဲ့မိန်းမဟာလည်း ကုမ္ပဏီကိုလိုက်လာပါတော့တယ်။ အလွဲလွဲအချော်ချော်တွေနဲ့ တာဝန်ထမ်းဆောင်ရမယ့်အပြင်မိန်းမကိုပါ လိုက်ထိန်းနေရမယ့်ခမ်လောင်တစ်ယောက်တာဝန်ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။The Bodyguard 1 တုန်းကအတိုင်း အက်ရှင်အမိုက်စားလေးတွေနဲ့အူတက်အောင်ရယ်ရမယ့် ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ချက်တွေကြောင့်လက်လွတ်မခံသင့်တဲ့ ထိုင်းအက်ရှင်ဟာသကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!