ဒီဇာတ်ကားလေးက သမားရိုးကျ ကြည့်နေကျ Korean drama နဲ့ မတူပဲ အနောက်တိုင်းဆန်တဲ့ ရိုက်ကူး တင်ဆက်ပုံတွေကို တွေ့ရမှာပါ….Seok_Won က ကားမတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ Jin_young ကတော့ စိတ်ဖိစီးမှုတွေကြောင့် Depression ရရနေတဲ့ အမျိုးသမီးတစ်ဦးပါ။ သူတို့နှစ်ဦး ဆေးရုံမှာ တွေ့ဆုံရာက ရင်းနှီးသွားခဲ့ပြီး ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ကားမတော်တဆမှုကြောင့် အတိတ်ကို ပြန်စဉ်းစားတိုင်း ခေါင်းကိုက်လေ့ရှိပြီး ကားမောင်းရမှာကို ကြောက်နေတဲ့ Seok_Won က Jin_Young ကြောင့် ပြောင်းလဲလာခဲ့သလို… Jin_Young ကလည်း သူမရဲ့ အထီးကျန်နေတဲ့နေ့ရက်တွေဟာ Seok_Won ကြောင့် ပဲ အဓိပ္ပယ်ပိုရှိလာစေပါတယ်။ဇာတ်ကားက Mystery /Drama လို့ ပြောတဲ့အတိုင်းပါပဲ… Romance ဖြစ်သလို ကြည့်နေစဉ်မှာလည်း .. Jin_Young ရဲ့ ထူးဆန်းတဲ့ စကားတွေ.. Seok_Won ရဲ့ အပြုအမူတွေကြောင့် စဉ်းစားစရာတွေ ပြည့်နှက်နေခဲ့ပါတယ်… ဘယ်သူက ဘယ်သူ့ကို ပိုချစ်သလဲဆိုတာလဲ… ကြည့်ရင်းနဲ့ စဉ်းစားကြည့်ကြပါဦး… ဇာတ်လမ်းလေးရော.. ရိုက်ကူးထားတာလေးတွေပါ ကောင်းမွန်လို့ Drama ကြိုက်တဲ့ သူတွေ အကြိုက်တွေ့မှာပါ…. ကိုရီးယားကား ကြည့်လေ့မရှိတဲ့ သူတွေကိုလည်း Drama ကြိုက်ရင် ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ရှေ့နေ Seok_Won အဖြစ် မင်းသား Jung Woo-sung က သရုပ်ဆောင်ထားပြီး Jin_Young အဖြစ် မင်းသမီး Kim Ha-neul က သရုပ်ဆောင်ထားပါတယ်။ မင်းသားရော မင်းသမီးရောက ကိုရီးယားကား ကြည့်လေ့ရှိသူတွေ ရင်းနှီးပြီးသားဖြစ်မှာပါ.. မင်းသမီး Kim Ha-neul ကိုတော့ A Gentleman’s Dignity မှာ အရမ်းကြိုက်လို့ သူ့ကားတွေကို ပြန်ရှာကြည့်ဖြစ်တဲ့အထိပါပဲ… ဒီကားလေးကလဲ… မင်းသမီး Kim Ha-neul ကို ပိုပြီးကြိုက်သွားစေတဲ့ ကားလေးပါပဲဗျာ…
Log in to post a comment.
No comments yet. Be the first to comment!