ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက သံသယမျက်လုံးတွေနဲ့ မယုံသင်္ကာ ကျီးလန့်စာစားနေရတဲ့ပုံ အပြင်လူသူစိမ်းလာတာကို မကြိုက်တဲ့ပုံတွေတွေ့ရပါတယ်။ သူတို့ရဲ့အခက်အခဲလေးကတော့ ရွာမှာကြွက်တွေက အရမ်းသောင်းကျန်းနေပါတယ်။ ကြွက်တွေဟာ ကြောင်တွေကို အရှင်လတ်လတ်စားပစ်တဲ့အထိ သောင်းကျန်းနေတဲ့ကြွက်လေးပါ၊ ဒီပြဿနာကိုပုလွေသမား ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖြေရှင်းပေးသွားလဲ ရွာမှာကြွက်တွေက ဘာကြောင့် သောင်းကျန်းနေရတာလဲ ရွာက လူတွေက ဘာကြောင့်ကျီးလန့်စာစား မယုံသင်္ကာတွေနဲ့ ဖြစ်နေရတာလဲ ပုလွေသမားနဲ့သားကလေးရော ပြဿနာဖြေရှင်းပြီး ဘယ်လိုဆက်ဖြစ်သွားလဲ ဆိုတာကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါ။
Log in to post a comment.
No comments yet. Be the first to comment!