အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်.. ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်.. စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်.. တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း သံဝေဂရစေခဲ့ပါတယ်.. နောင်မှတတဲ့ နောင်တတရားဟာ မကောင်းတဲ့အရာလို့ အကြမ်းဖျင်းသိထားကြပေမဲ့ အမှန်ဘက်ကို ခြေလှမ်းစဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာကိုလည်း မီးမောင်းထိုးပြထားတဲ့အတွက်.. ဘယ်လောက်ဆိုးသွမ်းခဲ့တဲ့လူဖြစ်ပါစေ နောင်တဆိုတာဖြစ်လာရင်တော့ အချိန်မှီပြန်ပြင်ဆင်နိုင်သေးတယ်ဆိုတဲ့အသိတရားကိုရရှိစေမှာပါ… နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ရှောင်လင်ဇာတ်ကားဟာ တရုတ်ကွန်ဖူးအက်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်သလို ဒရမ်မာရသခံစားချင်သူတွေအတွက်လည်း လက်မလွှတ်သင့်တဲ့ရုပ်ရှင် ဖြစ်ပါတယ်.. လူဘဝရဲ့ လောကဓံအနိမ့်အမြင့်ကို ကြံ့ကြံ့ခံနိုင်စေဖို့ ဟောကြားခဲ့တဲ့ ဗုဒ္ဓရဲ့ ဒဿနတစ်ချို့လည်းပါဝင်တာမို့ ကြည့်ရှုသင့်တယ်လို့ပဲ တိုက်တွန်းချင်ပါတယ်။ ။
Log in to post a comment.
No comments yet. Be the first to comment!