ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ….ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီးအမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် မိုင်ပေါင်း၂၆၅၀အထိရှိတဲ့လမ်းကြမ်းကို လမ်းလျှောက်ခရီးနှင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အရင်က ဘာ Hiking အတွေ့အကြုံမှလည်းမရှိတဲ့ Cheryl တစ်ယောက်…ဆန္ဒတစ်ခုတည်းနဲ့ကျောမှာပစ္စည်းအိတ်အလေးကြီးသယ်ပြီး တကိုယ်တော်စွန့်စားခန်းဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ခရီးလမ်းတစ်လျှောက်တွေ့ကြုံရတာတွေ တစ်ယောက်တည်းသွားလာရင်း စဉ်းစားမိတာတွေ..တေတွးမိတာတွေနောက်မှာ…ခရီးလည်းဆုံးရော သူ့အတွက်အရာရာပြောင်းလဲသွားတာပဲဖြစ်ပါတယ်။True story-based ဇာတ်ကားကောင်းလည်းဖြစ်တာနဲ့ အညီ ကိုယ်တိုင်ဝင်ရောက်ခံစားမိစေမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!