ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင် နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာတော့သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးကBlackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက်ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံးတာမျိုးတွေပါဖြစ်လာပါတယ်။တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိ ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်းလိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့်ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီးတစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်းညွှန်းဆိုလိုက်ပါစေ။
Log in to post a comment.
No comments yet. Be the first to comment!