ရုပ်ရှင်မင်းသားဖြစ်ချင်လို့ ကိုယ့်ပိုက်ဆံကိုယ်ထုတ် ဇာတ်ကားရိုက်ရာကနေ နောက်ဆုံးအကြွေးတွေ တောင်လိုပုံသွားတဲ့ ယွမ်ရွှိက် (William Feng) ဟာ အကြွေးတွေကြေဖို့အတွက် ပိုက်ဆံရှိအမျိုးသမီးများနဲ့ ခဏခဏဒိတ်နေသူပါ….တစ်နေ့မှာ ထူးဆန်းစွာကြုံလာတာက ယွမ်ရွှိက်ငယ်ငယ်က ကယ်တင်ပေးခဲ့ဖူးတဲ့ မြေခွေးမိစ္ဆာမလေးပိုင်ချန်းချူ (ဂူဂူး)က ယွမ်ရွှိက်ကိုပြန်တွေ့တော့ ကျေးဇူးကြွေးပြန်ဆပ်မယ်ဆိုပြီး သူ့နောက်ကိုလိုက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်တွေ့မိကြပြီး ပိုင်ချန်းချူက သူမဟာ မြေခွေးမလေးဖြစ်ကြောင်းပြောပြီး မြေခွေးပုံစံပြောင်းပြလိုက်တာ ယွမ်ရွှိက်တစ်ယောက်ကြောက်လန့်ပြီးပြေးတဲ့အပြင် လူတွေလဲ မြေခွေးအကြီးကြီးကို မြင်တွေ့သွားကြပါတယ်… ဒါပေမယ့် သူတို့မိစ္ဆာလောကမှာ မိစ္ဆာတွေကိုစီမံခန့်ခွဲရေးဌာနဆိုတာရှိပါတယ်… အဲ့ဒီ့အဖွဲ့က မြေခွေးကိုတွေ့ခဲ့တယ်ဆိုတဲ့ လူတွေရဲ့မှတ်ဉာဏ်ဖျက်လိုက်ပါတယ်။ပိုင်ချန်းချူဟာ ယွမ်ရွှိက်ကို တကယ်ချစ်ကြိုက်သွားပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိစ္ဆာစီမံခန့်ခွဲရေးဌာနခေါင်းဆောင် ယွင်ကျုန်းဟယ်က မိစ္ဆာနဲ့ လူ ချစ်ကြိုက်ခြင်းကိုတားမြစ်ထားတဲ့သူ ဖြစ်နေတဲ့အခါမှာတော့….
Log in to post a comment.
No comments yet. Be the first to comment!