Big Momma’s House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma’s House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်…အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။
Log in to post a comment.
No comments yet. Be the first to comment!