ပဲရစ်မှာ ဓားပြတစ်သိုက်ကအထက်မှာပြောခဲ့သလို တန်ဖိုးကြီးပစ္စည်းတွေ သယ်ပို့တဲ့ကျည်ကာထရပ်ကားတွေကိုမကြာခဏဆိုသလိုလိုက်လုယက်နေပြီး ထင်တိုင်းကြဲသောင်းကျန်းနေကြပါတော့တယ်။ပဲရစ်မြို့ကကရဲတွေစုံထောက်တွေကလည်းသူတို့ကိုဖမ်းမိနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်တဲ့အတွက်သူတို့အတွက်ကတော့ ထမင်းစားရေသောက်သလိုကိုလွယ်ကူနေပါတော့တယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပဲရစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကမာဆေးလ်မြို့မှာ နာမည်ကြီးရဲမေတစ်ယောက်ဖြစ်တဲ့ အလီယာနဲ့ပဲရစ်ရဲတပ်ဖွဲ့ကbတူတော်မောင်ဟျူဂိုတို့ကို တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အလီယာကတစ်ခုခုဆိုရင် စိတ်မြန်လက်မြန် ဘောင်တွေစည်းတွေစဉ်းစားမနေပဲ လက်ရဲဇက်ရဲ လုပ်တတ်သူတစ်ယောက်ဖြစ်ပြီး ဟျူဂိုကအမှုတွေကို ဖြေရှင်းရာမှာ တော်ပေမဲ့ ခပ်ရိုးရိုးအေးအေးကြီးဖြစ်ပါတယ်။ဒီလိုဆန့်ကျင်ဖက် ဖြစ်နေတဲ့လူနှစ်ယောက်သွားတွေ့တဲ့အခါမှာတော့ စစချင်းမှာကြောင်နဲ့ကြွက်လို ခဏခဏကိုက်နေကြပေမဲ့အဲ့ဒီဓားပြမှုကို အတူတူဖြေရှင်းရင်းနဲ့မှ ပိုပိုရင်းနှီးလာကြပြီးနှစ်ယောက်သား တက်ညီလက်ညီနဲ့ သောင်းကျန်းနေကြတဲ့ဓားပြတွေကိုဖမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!