ဘာမှလုပ်တတ်တာမရှိပေမဲ့ ချစ်တော့ချစ်တတ်တယ်ဆိုတဲ့သူတွေအတွက် မှော်ဆန်တဲ့အခွင့်အရေးမျိုးက ရောက်လာတတ်ပါတယ် ဒီဇာတ်ကားလေးထဲမှာဆိုရင် ဘဝကြီးကို နမော်နမဲ့နဲ့ဖြတ်သန်းနေရတဲ့ အချစ်ရူးလေးဂင်ချန်းဆူက ရေမွှေးလေးတစ်မျိုးကြောင့် စော်ကြည်ဘဲလေးဖြစ်သွားတာကို မြင်ရမှာပါဒါပေမဲ့ ရေမွှေးဆွတ်မှရမယ့်အချစ်ကို သူကိုယ်တိုင်က တကယ်ပဲလိုချင်ရဲ့လား… ဒီရေမွှေးကြောင့် ဂင်ချန်းဆူရဲ့ဘဝကြီးက ဘယ်လိုအလွဲအမှားတွေများ ဆက်ဖြစ်နေဦးမလဲဆိုတာ အခွီတစ်လိုင်းကြည့်ရှုခံစားရမှာမို့ Rom-Com ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီး ဆက်ဆက်ကြည့်ရှုခံစားလိုက်ကြပါဦးCasts တွေအနေနဲ့ကတော့ မင်းသားချော Yoon Si-Yoon နဲ့ Business Proposal ထဲကမင်းသမီးလေး Seo In Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ အချောလေးတွေရဲ့ဇာတ်ကားကို လက်လွှတ်မခံလိုက်နဲ့နော်
Log in to post a comment.
No comments yet. Be the first to comment!