ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာ လက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း ဇာတ်ကားရဲ့ အစမှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာ အကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့ ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်း အန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။အဲဒါကြောင့် သူမကို သတ်ပစ်ဖို့ ကြိုးစားကြတဲ့အချိန်မှာ ရာသ်နမ်က ဝင်ကယ်ရင်း ရာသ်နမ်တစ်ယောက် မာလီဂါရဲ့ သက်တော်စောင့် သဘောမျိုးဖြစ်လာသလို ကိစ္စမျိုးစုံကြုံတွေ့ရင်း ဇာတ်လမ်းဇာတ်ကွက်တွေ ရှုပ်ထွေးလာတာကို တွေ့မြင်ရမှာပါ။ တကယ်ပဲ ရာသ်နမ်တစ်ယောက် မာလီဂါကို ကြာကြာကာကွယ်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။
Log in to post a comment.
No comments yet. Be the first to comment!