Taken 1 မှာတုန်းက ခရီးထွက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့သမီးကို CIA အေးဂျင့်ဟောင်းဖြစ်သူ ဘရိုင်ယန်က လူ ၁၂ သန်းလောက်ရှိတဲ့မြို့ထဲ ၇၂ နာရီအတွင်း ရှာတွေ့ခဲ့ပြီး ပြန်ပေးဆွဲဂိုဏ်းခေါင်းဆောင် မာကိုနဲ့ အပေါင်းအပါတွေကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ အခု Taken 2 မှာတော့ မာကို့ရဲ့အဖေဖြစ်သူ အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် မူရတ်က သူ့သား သေဆုံးရမှုအတွက် ဘရိုင်ယန်တို့ မိသားစုကို ကလဲ့စားချေဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။အစ္စတန်ဘူလ်ကို ခရီးထွက်နေတဲ့ ဘရိုင်ယန်၊ သူ့မိန်းမနဲ့ သမီးဖြစ်သူတို့ကို အကွက်ကျကျ စီစဉ်ပြီး ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ကြံနေတဲ့ မူရတ်ရဲ့အစီအစဉ်ကြားက ဘရိုင်ယန်တစ်ယောက် ဘယ်လိုဖောက်ထွက်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!